
Posted on





Credit;

မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်တဲ့နေ့လေးမှာ အဖတ်တင်ခဲ့တဲ့အရာလေးတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ဟာ ဆိုရင် အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင် အနေနဲ့အောင်မြင်မှုတွေများစွာပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ဟာ မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူမတို့နှစ်ယောက်အနေနဲ့ ထိုနေ့ကို ကျော်ဖြတ်ဖြစ်ပုံလေးကို အရွှန်းဖောက်ပြောလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က “ငါ အိပ်ပျော်နေတယ်နော် လာလာမနှိုး ကြနဲ့ ဆိုတာကို ဘာလည်း ငါ့ကိုမခန့်တာလား ညက ယောက်က်ျားက မိန်းမရေ မိန်းမ ဒီနေ့ ငါတို့ 11နှစ်ပြည့်ပြီတဲ့။ ဘာလည်းဟာ ဆိုတော့ ငါတို့ အင်နီ….အဲဒါ ငါ ဘာလုပ်ရမှာလည်း အိပ်နေတာကို လာနှိုးပြန်ပြီလား လို့အော်လိုက်တော့အခန်းထဲက ပြန်ထွက်သွားတယ်….🥱🥱🥱😡😡 Edit….ခုမှ ပြန်တွက်ကြည့်တော့မှ မဂ်လာဆောင်ကြတာ 11နှစ် …သမီးရည်းစားဖြစ်တာက 4နှစ် စုစုပေါင်း 15နှစ်….ခလေးနှစ်ယောက်အဖတ်တင်တယ် ….မဆိုးပါဘူးးးးး” ဆိုပြီး အရွှန်းဖောက်ပြောလာခဲ့ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ ကတော့ မရှိခဲ့စဉ် ကလည်း နှစ်ယောက်သား အတူတူကျော်ဖြတ်ခဲ့သလို အခုလိုအဆင်ပြေလာတဲ့အချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေဖြည့်ဆည်းရင်း အိမ်ထောင်သက် (၁၁) နှစ်တိုင်ပြည့်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။

Credit;