
Posted on





Credit;

ကိုနိုင်လင်းကာရိုက်တာနဲ့ လုံးဝမတူတဲ့ပုံစံလေးနဲ့ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ မင်းသားချောကျော်ထက်ဇော်

ပရိသတ်ကြီးရေ အားလုံးကကိုနိုင်လင်းလို့ခေါ်ဝေါ်နေကြတဲ့ မင်းသားချောကျော်ထက်ဇော်ဟာဆိုရင် ဇာတ်လမ်းတွဲတွေရိုက်ကူးပြီး အနုပညာလောကမှာအောင်မြင်မှုတွေ တစ်ဟုန်ထိုးမြင့်တက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်“ဒေါင်းယာဉ်ပျံဘုံနံဘေးမှ ာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ နိုင်လင်း ဇာတ်ကောင်နဲ့ ပရိသတ်တွေ မုန်းတီးခံရတဲ့အထိ အောင်မြင် ခဲ့တဲ့ ကျော်ထက်ဇော်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ ဇာတ်ကားသစ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ကျော်ထက်ဇော်က မကြာခင် MRTV 4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသတော့မယ့် “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားကြောင်း “Coming soon ………🤫 ဒေါင်းယာဉ်ပျံ ကိုနိုင်လင်းနဲ့လုံးဝမသက်ဆိုင်တဲ့ ဆန့်ကျင်ဘက် ကောင်လေးတစ်ယောက် အားလုံးအရှေ့ကို အရောက်လာတော့မည်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ကျော်ထက်ဇော် ကတော့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ မုန်းတီးကြတဲ့ ကိုနိုင်လင်း ကာရိုက်တာနဲ့ လုံးဝဆန့်ကျင်ဘက် ဇာတ်ကောင်သစ်တစ်ခုနဲ့ ပြန်လာတော့မှာမို့ ပရိသတ်ကြီးကလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။

Credit;