
Posted on





Credit;

သူ့ရဲ့ခံစားချက်တွေနဲ့ထပ်တူကျနေတဲ့ သီချင်းသစ်လေးကို စွဲထင်နေရအောင်တက်တူးလေးပါထိုးလိုက်တဲ့ အဆိုတော်ပိုပို

ပရိသတ်ကြီးရေ အဆိုတော်ပိုပို ဟာဆိုရင် ဂီတလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သီချင်းအသစ်တွေကိုဖန်တီးသီဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။

ပိုပိုဟာ မကြာခင် ရက်ပိုင်းမှာ သူမရဲ့ “အိမ်လွမ်းနာ” သီချင်းလေးကို မျှဝေတော့မှာဖြစ်ပြီး အဆိုပါ သီချင်းလေးဟာ သူမအထဲမှာရှိစဉ်က အိမ်ပြန်ချင်တဲ့စိတ်တွေကို ခံစားချက်အပြည့်နဲ့ ရေးသားသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုက သူမဘဝရဲ့ အမြဲတမ်းအမှတ်ရနေမယ့် သီချင်းလေးကို သူမရဲ့လက်မှာ တက်တူးလေးထိုးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုပိုကတော့ လာမယ့် ဒီဇင်ဘာလ ပထမအပတ်အတွင်းမှာ သူမရဲ့ “အိမ်လွမ်းနာ” သီချင်းလေးကို ပရိသတ်တွေဆီ ချပြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုပိုရဲ့ သီချင်းသစ်လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နားဆင်ပေးကြပါဦးနော်။

Credit;