အဆိုတော် မေလသံစဉ်ကတော့ Facebook Page Follower ၆ မီလီယံကျော် ထိအောင်ရခဲ့တဲ့ ခေသူမဟုတ်တဲ့ ပရိသတ်အချစ်တော် တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ။
ခုလို အခြေအနေတွေမှာလည်း တတ်နိုင်သလောက် သူမအနေနဲ့ လိုအပ်တဲ့ နေရာတွေကို ပါဝင်လှူဒါန်းပေးနေတာတွေ့ရပါတယ်။ အခုလည်း ပြင်ဦးလွင်မှာ သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ အတွက် အလှူလေးမှာ မေလက သိန်း (၂၀) ပါဝင်ကာ လှူဒါန်းခဲ့ကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှလာပါတယ်။
အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မေလ ချစ်ရတဲ့ ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့ရေး အတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း(၂၀) တိတိ ပါဝင်လှူဒါန်းခဲ့ပါတယ် ခုလိုချိန်မှာ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်များမေတ္တာဂရုဏာထား၍ ပါဝင်လှူဒါန်းလိုပါက မတည်အလှူရှင် သီဟဗလHotel နှင့် ဒေါကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် အန်တီ ဒေါ်ခင်ထွေး 09 763288484 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် “ဆိုပြီး Facebook မှာ ရေးသားဖော်ပြထားရာ မေလလေးရဲ့ စိတ်ဓာတ်လေးကို လေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Zawgyi Version
အဆိုေတာ္ ေမလသံစဥ္ကေတာ့ Facebook Page Follower ၆ မီလီယံေက်ာ္ ထိေအာင္ရခဲ့တဲ့ ေခသူမဟုတ္တဲ့ ပရိသတ္အခ်စ္ေတာ္ တစ္ဦးျဖစ္ပါတယ္။ အႏုပညာေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ထားနိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို ငယ္စဥ္တည္းက လုပ္ကိုင္ေနခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခုခ်ိန္အထိလည္း ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားဆဲပါ။
ခုလို အေျခအေနေတြမွာလည္း တတ္နိုင္သေလာက္ သူမအေနနဲ႔ လိုအပ္တဲ့ ေနရာေတြကို ပါဝင္လႉဒါန္းေပးေနတာေတြ႕ရပါတယ္။ အခုလည္း ျပင္ဦးလြင္မွာ သိန္းတစ္ေထာင္တန္ ေအာက္ဆီဂ်င္စက္ ဝယ္ယူဖို႔ အတြက္ အလႉေလးမွာ ေမလက သိန္း (၂၀) ပါဝင္ကာ လႉဒါန္းခဲ့ေၾကာင္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာကေန ေဝမၽွလာပါတယ္။
အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ေမလ ခ်စ္ရတဲ့ ျပင္ဦးလြင္ၿမိဳ႕ေလးမွာ လူတန္းစားမေရြး သက္တမ္းေစ့ေနနိုင္ဖို႔ေရး အတြက္ သိန္းတစ္ေထာင္တန္ ေအာက္ဆီဂ်င္စက္ ဝယ္ယူဖို႔ ေမလတတ္နိုင္သေလာက္ သိန္း(၂၀) တိတိ ပါဝင္လႉဒါန္းခဲ့ပါတယ္ ခုလိုခ်ိန္မွာ ေငြေၾကးတတ္နိုင္ေသာ လုပ္ငန္းရွင္မ်ားေမတၱာဂ႐ုဏာထား၍ ပါဝင္လႉဒါန္းလိုပါက မတည္အလႉရွင္ သီဟဗလHotel ႏွင့္ ေဒါၾကင္ေမ(ပြဲ႐ုံ)လုပ္ငန္းရွင္ အန္တီ ေဒၚခင္ေထြး 09 763288484 သို႔ဆက္သြယ္လႉဒါန္းနိုင္ပါတယ္ရွင္ “ဆိုၿပီး Facebook မွာ ေရးသားေဖာ္ျပထားရာ ေမလေလးရဲ့ စိတ္ဓာတ္ေလးကို ေလးစားမိတာေၾကာင့္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။