Posted on
Credit;
သမီးကြီးရဲ့သွားကျန်းမာရေးအတွက်သွားရောက်စစ်ဆေးရာမှ ရရှိလာတဲ့အဖြေကိုပရိသတ်ကြီးအားပြောပြလာတဲ့ ချမ်းချမ်း
ချမ်းချမ်းကတော့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ သူမဟာချစ်စရာကောင်းတဲ့ သမီးလေးတွေရဲ့videoလေးတွေကိုလည်းလူမှုကွန်ရက်မှာ တင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ သမီးလေးတွေကလည်း တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဖြစ်ပါတယ်။ဒါကြောင့်ခုချိန်ကတည်းကသမီးလေးတွေရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်နေရတာပါ။
အခုမှာလည်း သမီးလေးသွားကျန်းမာရေးနဲ ့ပတ်သက်ပြီး ခုလိုပြောပြခဲ့တာပါ။ “ကဲ ဒီနေ့ သမီးကြီးလေးကို သွားကျန်းမာရေး စစ်ဆေးပေးတဲ့နေ့ သနားပါတယ် သွား ၁ဝချောင်းလောက် အခြေနေမကောင်းရှာဘူး။ ကိုယ် အနားမှာ မရှိခဲ့တော့ သမီးလေးကို သွားကျန်းမာရေး ပညာပေးမယ့်သူတွေ မရှိတော့ အခုလိုလေး ပျက်စီးနေတာ သွားတွေ ၁ဝချောင်းမကဘူး။ရှေ့နှစ်အကုန်ပြန်ပြင်ရမယ် အရွယ်လေးရောက်လာရင် သွားလေးတွေတန်ဖိုးပိုသိလာမှာပါ။
စျေးကြီးပေမဲ့မလုပ်လို့လဲမရတော့ လုပ်ပေးရမှာပဲ။ ကိုယ့်သားသမီး ရဲ့ သွားလေးတွေကို အသက်ငယ်စဉ်ကတည်းက ဂရုစိုက်ပေးကြပါ ။အနည်းဆုံး ၆လ တကြိမ်တော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ။မနက်နဲ့ည နှစ်ကြိမ်တော့ အနည်းဆုံးတိုက်ပါ။ သွားကြိုးဆွဲခြင်း flossing လုပ်ကြပါနော်။ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်းကိုတတ်နိုင်ရင်ရှောင်ကြပါ။ ကိုယ့်ဘဝမှာတော့ သွားပေါက် တစ်ခုမှမရှိခဲ့လို့ အခုချိန်ထိ ရဲဝံ့စွာပြုံးနိုင်တယ်။ တခါမှ ခံတွင်းပြသနာမရှိခဲ့ဘူး။ အံဆုံးပေါက်တာ နေရာမကျလို့ တခါ နှုတ်ဖူးတယ် ဒီလောက်ပဲ။ ပါးစပ်ကျန်းမာရေးဟာ အရေးကြီးပါတယ်နော် အချစ်တို့ရေလူ့ဘဝတလျောက်လုံး ကိုယ့်အတွက်နေ့စဉ် အစားစားတိုင်းကူညီပေးနေတဲ့သွားလေးတွေကို တန်ဖိုးထားကြပါနော်။ ဒီမှာတော့ တအားတန်ဖိုးထားကြလို့ တခါတခါ ပြရရင် အရမ်းစျေးကြီးလို့ တန်ဖိုးထားကြတယ်10ချောင်းကို euro 720တဲ့”ဆိုပြီးပြောပြခဲ့တာပါ။
Credit;