
Posted on





Credit;

နိုင်ငံတကာထိတောင်ထိုးဖောက် အောင်မြင်ခဲ့တဲ့ မေမြတ်နိုးကိုကြည့်ပြီး အားကျမိကြောင်းရင်ဖွင့်လာတဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းဟာဆိုရင် ဇာတ်လမ်းတွဲတွေမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့အားပေးမှုကိုများစွာပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်နော်။

နန်းစန္ဒာလှထွန်း ကတော့ သူမကိုယ်တိုင်လည်း နေရာ တစ်နေရာ ရရှိနေပြီဆိုပေမယ့် အနုပညာလောကထဲမှာ ခင်မင်ရတဲ့ မေမြတ်နိုးရဲ့ အောင်မြင်မှု ကိုတော့ ဝမ်းသာကြောင်း “😍 👏🏻 ဝမ်းသာလိုက်တာ အဲ့လိုတွေမြင်ရတာ .. ဒီမှာလည်း တစ်ကယ်ကြိုးစားပြီး talented ဖြစ်တဲ့သူတွေ အဲ့လိုလုပ်နိုင်ရင်သိပ်ကောင်းမှာပဲ 😪 … ကြိုးစားတိုင်းဖြစ်ခွင့်သာရရင် 😣” ဆိုပြီး ကမ္ဘာကျော် CHANEL အမှတ်တံဆိပ်အတွက် ကြော်ငြာရိုက်ခွင့်ရခဲ့တဲ့ မေမြတ်နိုးကို ဂုဏ်ပြုစကားပြောလာပါတယ်။

နန်းစန္ဒာလှထွန်း ကတော့ သူမနဲ့ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်း မေမြတ်နိုး အတွက် ဝမ်းသာဂုဏ်ယူ နေတာပဲ ဖြစ်ပါတယ်။ တချိန်မှာ နန်းစန္ဒာလှထွန်းလည်း ကမ္ဘာကသိတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူးနော်။

Credit;