Credit;
“သမီးဆိုး”ဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က အမှတ်တရပုံရိပ်တွေကို တစ်ပုံချင်းပြသလာတဲ့ သရုပ်ဆောင်ရတနာဗိုလ်
ပရိသတ်ကြီးရေ မင်းသမီးချောလေးရတနာဗိုလ်ဟာဆိုရင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် တစ်ခဏအတွင်းမှာ အောင်မြင်မှုတွေဟာတစ်ဟုန်ထိုးမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
“သမီးဆိုး” ဇာတ်လမ်းတွဲ နဲ့ ပရိသတ် အားပေးမှုကို ရရှိနေလျက် ရှိတဲ့ ရတနာဗိုလ်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ချမ်းမြချို ဆိုတဲ့ ဇာတ်ကောင်လေးရဲ့ ပုံရိပ်ကို ပြသလာပါတယ်။ ရတနာဗိုလ်က “သမီးဆိုး ဇာတ်လမ်းတွဲထဲက “ချမ်းမြချို”လေးပါ 🧡☺️” ဆိုတဲ့ ပရိသတ်တွေချစ်ကြတဲ့ ချမ်းလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ရတနာဗိုလ် ကတော့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာ ချမ်းမြချိုဆိုတဲ့ ဇာတ်ကောင် စရိုက်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာဗိုလ်ရဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲလေးကို ဆက်လက်ပြီး အားပေးကြပါဦးနော်။
Credit;