ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်း သို့ ပရိသတ်တွေနဲ့အတူ အောက်ဆီဂျင်အတွက် အလှူငွေများ လှူဒါန်းပေးလိုက်တဲ့ မမဆောင်း

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ဆောင်းအိန္ဒြေထွန်း (မမဆောင်း) ကတော့ ဒီနေ့မှာ သူ့ရဲ့ပရိသတ်တွေနဲ့အတူ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ မမဆောင်းကတော့ အမြဲတမ်းလိုလို သူ့ရဲ့ We Love အဖွဲ့ဝင်တွေနဲ့အတူ လိုအပ်တာတွေကို လိုက်လံ လှူဒါန်းပေးနေခဲ့တဲ့ သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း မမဆောင်းက သူ့ရဲ့ပရိသတ်တွေနဲ့အတူ စုပေါင်းလှူဒါန်းထားတဲ့ အလှူငွေတွေကို မင်းသားဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ မမဆောင်းကတော့ လတ်တလော ကိုဗစ်ကပ်ရောဂါကြောင့် ရောဂါဝေဒနာခံစားနေရတဲ့ သူတွေအတွက် အဓိကလိုအပ်နေတဲ့ အောက်စီဂျင်အတွက် အလှူငွေ (၅) သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ အခုလို မွန်မြတ်လွန်းလှတဲ့ ကာလဒါနအလှူလေးကို လှူဒါန်းချင်ရင်လည်း လှူဒါန်းနိုင်ကြောင်းကိုလည်း မမဆောင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ နှင့် မင်းသားဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်း Facebook ကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးတွေလည်း မမဆောင်းနဲ့ သူ့ရဲ့ပရိသတ်တွေ လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi Version

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ျဖစ္တဲ့ ေဆာင္းအိေျႏၵထြန္း (မမေဆာင္း) ကေတာ့ ဒီေန႔မွာ သူ႔ရဲ့ပရိသတ္ေတြနဲ႔အတူ အလႉေလးတစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ မမေဆာင္းကေတာ့ အျမဲတမ္းလိုလို သူ႔ရဲ့ We Love အဖြဲ႕ဝင္ေတြနဲ႔အတူ လိုအပ္တာေတြကို လိုက္လံ လႉဒါန္းေပးေနခဲ့တဲ့ သူတစ္ေယာက္ပါ။

အခုတစ္ေခါက္မွာလည္း မမေဆာင္းက သူ႔ရဲ့ပရိသတ္ေတြနဲ႔အတူ စုေပါင္းလႉဒါန္းထားတဲ့ အလႉေငြေတြကို မင္းသားေဝဠဳေက်ာ္ရဲ့ ေဖာင္ေဒးရွင္းမွာ ကိုယ္တိုင္ကိုယ္က်သြားေရာက္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ မမေဆာင္းကေတာ့ လတ္တေလာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေရာဂါေဝဒနာခံစားေနရတဲ့ သူေတြအတြက္ အဓိကလိုအပ္ေနတဲ့ ေအာက္စီဂ်င္အတြက္ အလႉေငြ (၅) သိန္းက်ပ္ကို လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

သြားေရာက္လႉဒါန္းခဲ့တဲ့ ပုံရိပ္ေလးေတြနဲ႔အတူ လႉဒါန္းေပးတဲ့ အလႉရွင္ေတြကိုလည္း ေက်းဇူးတင္ေၾကာင္းနဲ႔ အခုလို မြန္ျမတ္လြန္းလွတဲ့ ကာလဒါနအလႉေလးကို လႉဒါန္းခ်င္ရင္လည္း လႉဒါန္းနိုင္ေၾကာင္းကိုလည္း မမေဆာင္းက သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာ ႏွင့္ မင္းသားေဝဠဳေက်ာ္ရဲ့ ေဖာင္ေဒးရွင္း Facebook ကေန မၽွေဝေဖာ္ျပထားခဲ့ပါတယ္။ ပရိသတ္ႀကီးေတြလည္း မမေဆာင္းနဲ႔ သူ႔ရဲ့ပရိသတ္ေတြ လႉဒါန္းတဲ့ မြန္ျမတ္လွတဲ့ ကာလဒါနအလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။