Credit;
ချစ်ဇနီးက ငွေထုပ်ကြီးပိုက်ပြီးသူ့ကို စကားတစ်ခွန်းပြောလိုက်တာကြောင့် ဘာပြောရမှန်းမသိအောင် အံ့သြနေတဲ့သရုပ်ဆောင်စည်ဖြိုး
စည်ဖြိုးနဲ့ခင်လွှမ်းကတော့ ချစ်စရာ ကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး ဘဝကိုဖြတ်သန်းနေတာပါ။ နှစ်ယောက်လုံးကလည်း ပရိသတ်တွေချစ်ကြတဲ့နိုင်ငံကျော်တွေပါ။
လူမှုကွန်ရက်မှာလည် းပုံရိပ်လေးတွေvideoလေးတွေတင်ပေးလေ့ ရှိတာပါ။ အခုမှာလည်းမိန်းမစကားကြောင့် ပျော်ရွှင် ဝမ်းသာဖြစ်ခဲ့ရတာကိုပြောပြခဲ့တာပါ။ မိန်းမက ပိုက်ဆံတွေကိုင်လာပြီး ပေးတယ် အော်ငွေအပ်တယ်ပေါ့ မီးခံသေတ္တာ ထဲထည့်ရမယ်ပေါ့လို့ထင်လိုက်တာ ပြီးမှ ကိုယ်ကြိုက်တာသုံးဖို့ ပေးတာတဲ့။
နောက်လတွေ မှာလည်း လတိုင်းလတိုင်း သူရှာသမျှထဲက ခုလို ပဲ ပေးသုံးဖို့ ဆုံးဖြတ်ထားတယ် ဆိုတော့ ရင်ထဲ အတိုင်းမသိတဲ့ ခံစားချက်ကစို့တက်လာတယ် ဘယ်လောက်လည်းဆိုတာ သိဖို့မလိုတော့သလို အရေးမကြီးတော့ပါဘူး သူကိုယ့်အပေါ်ထားတဲ့ စေတနာလေးတော့ အသိမှတ်ပြုပြီး ကျေနပ်ပီတိဖြစ်မိတယ်ခင်ပွန်းသည်ကို ငွေရှာဖို့ တတွတ်တွတ်ပြောတာမျိုးဘယ်တော့မှမလုပ်ပဲ ကိုယ်တိုင်ရှာတဲ့အပြင် ကိုယ့်အတွက်ပါသိတတ်ပေးတဲ့ မိန်းမ ကျန်းမာချမ်းသာပါစေဆိုပြီးပြောပြခဲ့တာပါ။
Credit;