
Posted on





Credit;

မိန်းကလေးတစ်ယောက်လို လှပပြီးချစ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခုရဲ့ပုံရိပ်တွေကို ပြသလာတဲ့ မင်းသားချောကောင်းမြတ်စံ

ပရိသတ်ကြီးရေ မင်းသားချောကောင်းမြတ်စံဟာဆိုရင် ဇာတ်လမ်းတွဲတွေကိုရိုက်ကူးပြီးအနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားပါတယ်။

လက်ရှိထုတ်လွှင့် ပြသနေတဲ့ “101% ချစ်ခြင်း” ဇာတ်လမ်းတွဲ မှာလည်း ရွှေသွေး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ ကောင်းမြတ်စံ ဟာ အဆိုပါ ဇာတ်ကားထဲမှာ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ သူ့ရဲ့ပုံစံသစ်ကို မြင်တွေ့ခွင့်ရမှာပဲ ဖြစ်ပါတယ်။ ကောင်းမြတ်စံက “101% ချစ်ခြင်း” ဇာတ်လမ်းတွဲမှာ မိန်းကလေးတစ်ယောက်လိုဟန်ဆောင်တဲ့ ဇာတ်ဝင်ခန်းသရုပ်ဆောင်ခဲ့ရကာ အဆိုပါဇာတ်ဝင်ခန်းမှာ တကယ့်မိန်းကလေးတစ်ယောက်လို လှပနေတာကို အံ့သြဖွယ်တွေ့ရပါတယ်။

ကောင်းမြတ်စံ ကတော့ အရင်ကတည်းက မျက်နှာလေးက နုနုဖတ်ဖတ်လေးမို့ မိန်းကလေး တစ်ယောက်လို ပြင်ဆင်လိုက် ချိန်မှာလည်း တကယ့်မိန်းကလေးအစစ်နဲ့ ခွဲမရနိုင်အောင် လှပလွန်းနေတာပဲ ဖြစ်ပါတယ်။

Credit;