Credit;
မကြာခင်ကလေးအဖေဖြစ်တော့မယ်ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရင်းပျော်ရွှင်မဆုံးဖြစ်နေတဲ့ ဖေဖေဂျိုကာ
ပရိသတ်ကြီးရေ ဂျိုကာဟာဆိုရင် အဆိုတော်ရဲလေးရဲ့ညီအရင်းဖြစ်ပါတယ်နော်။ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးပြီး အနုပညာလောကမှာ နာမည်တစ်ခုကိုရရှိခဲ့သူပဲဖြစ်ပါတယ်။ဂျိုကာဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ သူနဲ့ နှစ်တွေအကြာကြီးလက်တွဲခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာပဲဂျိကာဟာ ဇနီးဖြစ်သူမှာရင်သွေးလေးလွယ်ထားရကြောင်းနဲ့ မကြာခင်မွေးတော့မယ်ဖြစ်ကြောင်းအခုလိုပြောပြလာပါတယ်။ဂျိုကာက“ဖေဖေးပျော်တယ် မေမေးရေ … ခုချိန်ထိ သာသားကို ကောင်းကောင်းမွန်မွန်ဂရုတစိုက်နဲ့ရှိနေပေးတဲ့အတွက် မေမေးကိုကျေးဇူးအရမ်းတင်တယ်။ အရမ်းလည်းချစ်တယ် 🤡❤️👽သိပ်မလိုတော့တဲ့ မွေးဖွားရတော့မယ့်အချိန်အခိုက်အတန့်တွေအတွက် Fighting နော်မေမေး 💪💪💪 မေမေးရဲ့အနားမှာဖေဖေးရှိတယ်။ နောက်ဆို သာသားလည်းရှိလာတော့မယ် 🤡👶🏻👽” ဆိုပြီး သူ့ရဲ့ ချစ်ဇနီးကိုလည်း ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။
ဂျိုကာဟာ မကြာခင်လပိုင်းအတွင်းမှာပဲ သူ့ရဲ့ကိုယ်ပွား သားသားလေးကို ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျိုကာတို့ ဇနီးမောင်နှံအတွက် ဝမ်းသာဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။
Credit;