
Posted on





Credit;

အဆိုတော်ပိုပိုဆီကနေ ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့ အလှူငွေသိန်းချီရရှိခဲ့ကြောင်းပြောပြလာတဲ့ နေမျိုးအောင်ရဲ့ဇနီး အာဗြဲစိန်

ပရိသတ်ကြီးရေ အဆိုတော်ပိုပိုဟာဆိုရင် ဂီတလောကမှာ အောင်မြင်မှုတွေဒိတ်ဒိတ်ကြဲရရှိခဲ့တဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။အခုဆိုရင်ပိုပိုဟာဖမ်းဆီးထိမ်းသိမ်းခံရခြင်းမှလွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်နော်။

အခုဆိုရင် အာဗြဲစိန်က အဆိုတော်ပိုပိုက သူမရဲ့ ကျောင်းဆောင်သစ် အလှူခံမယ့်ပို့စ်ကို တွေ့ပြီး ငွေကျပ် သုံးသိန်း လှူဒါန်းဖြစ်ခဲ့ကြောင်း ပြောလာပါတယ်။အာဗြဲစိန်က “ဘုန်းဘုန်းတွေကျောင်းဆောင် အတွက် ပိုပိုမှ အလှူငွေ ၃ သိန်းလှူပေးလို့ ဘုန်းဘုန်းကိုယ်စားကျေးဇူးပါ ညီမရေ အလှူဒါနကြောင့်ကိုယ်စိတ်၂ ပါးကျမ်းမာချမ်းသာပြီးအလိုဆန္ဒဟူသမျှပြည့်ဝရပါစေသား နိုင်သလောက်လှူဒါန်းပေးကြသော ချစ်ခင်ရသူများအားလည်းကျေးဇူးအထူးပါရှင့်💕💕💕” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုကတော့ အရင်ကတည်းက အလှူအတန်း လက်နဲ့မကွာ လှူဒါန်းခဲ့သူတစ်ယောက်ဖြစ်ပြီး သူမလွတ်မြောက်လာခဲ့ပြီး အလုပ်တွေမလုပ်နိုင်သေးခင်မှာလည်း စိတ်ရှိသရွေ့လှူတန်းမှုတွေ ပြုလုပ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

Credit;