Credit;
ချစ်မေမေနဲ့ပထမဆုံးတွဲရိုက်တဲ့ ဇာတ်လမ်းတွဲလေးအကြောင်းကို ပြည့်ပြည့်စုံစုံပြောပြလာတဲ့ ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလ
ပရိသတ်ကြီးရေ မင်းသမီးခင်ဇာခြည်ကျော်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေတစ်ခဲနက်ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်နော်။ သားလေးနဲ့သမီးလေးကလည်း အနုပညာလောကမှာ အောင်မြင်စပြုလာပြီပဲဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ ဘုန်းမင်းနေလက သူ့ရဲ့မေမေနဲ့ ပထမဦးဆုံးအကြိမ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး အကြောင်းကို ပရိသတ်တွေဆီ ပြောပြလာပါတယ်။ဘုန်းမင်းနေလက “မေမေနဲ့ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်လမ်းတွဲလေးမကြာခင်ပြသပါတော့မယ် 🤩 စစ်ကိုင်း မှာ ရက် ၅၀ ကျော်ကြာရိုက်ကူးထားတဲ့“ဆည်းဆာ စိမ်းစိမ်း” ရုပ်သံဇာတ်လမ်းတွဲကို Skynet Premier HD channel က နေ နိုဝင်ဘာ ၁၈ ရက်နေ့ကစ၍ထုတ်လွှင့်ပြသတော့မှာပါ 😇 ကိုစောနောင်လေးကို အားပေးကြပါအုံးနော် ✨” ဆိုပြီး သူ့ရဲ့မေမေနဲ့ သူနဲ့ ပထမဦးဆုံးအကြိမ် ရိုက်ကူးထ ားတဲ့ ဇာတ်လမ်းတွဲလေးအကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
ဘုန်းမင်းနေလ ဟာ မေမေ့ရဲ့ ဖေးမမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး မေမေနဲ့ အတူတူလည်း ဇာတ်လမ်းတွဲတွေကို လည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းမင်းနေလနဲ့ ခင်ဇာခြည်ကျော်တို့ သရုပ်ဆောင်ထားတဲ့ “ဆည်းဆာ စိမ်းစိမ်း” ဇာတ်လမ်းတွဲလေးကို စောင့်မျှော်အားပေးကြပါဦးနော်။
Credit;