မြန်မာပြည်မှ စစ်ဘေးရှောင်တွေကို လှူဒါန်း ဖို့အတွက် GREEN TEA DRINK ကြော်ငြာကိုအခမဲ့ရိုက်ကူးပေးခဲ့တဲ့ ဟန်နာယူရီ

Posted on

တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံ အတွက် လှူဒါန်းပေးမယ့် Project တွေမှာ ပါဝင် လှုံ့ဆော်မယ်လို့ ပြောထားပြီး၊ ပြီးခဲ့တဲ့ ရက်က Green Tea Drink ကြော်ငြာ လက်ခံ ရိုက်ကူးပေးခဲ့ပါတယ်။“အားလုံး မတွေ့ရတာ ကြာပြီနော်။ ဒီရက်ပိုင်းတွင်း တက္ကသိုလ်ကျောင်း တဖက်နဲ့မို့ အလုပ်များနေလို့ Active မဖြစ်တာပါရှင့်။ ကျန်းမာရေးလည်း မကောင်းလို့၊ နေမေ ကာင်းဖြစ်နေလို့ ဆန္ဒပြပွဲကို မသွားနိုင်ခဲ့ဘူး။ ဒီနေ့ကတော့ ကိုရီးယားမှာ ၅ လအကြာ ပထမဆုံး အလုပ်ပြန်လုပ်တာပါ”

“ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ကတည်းက အလုပ်တွေ နားထားတာ အခုက ကျမ အနေနဲ့ Donation ကို ဘယ်လို လှူရမလဲဆိုတာနဲ့ ဒီမှာ Commercial ရိုက်ကူးနေတာပါ။ ဒီကြော်ငြာကို အွန်လိုင်းမှာ တင်မှာပါ။ Green Tea ရဲ့ ရောင်းချမှု ၃၀ ရာခိုင်နှုန်း ရောင်းရငွေကို မြန်မာနိုင်ငံ အတွက် လှူဒါန်းမှာ ဖြစ်ပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။ အဆိုပါ ကြော်ငြာအတွက် အနုပညာကြေး မယူဘဲ ရိုက်ကူးပေးတာဖြစ်ပြီး၊ ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ အတွက် လှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

“ဒီကြော်ငြာအတွက် ကျမ အနေနဲ့ အနုပညာကြေး အခကြေးငွေ မယူဘဲ လက်ခံ ရိုက်ကူးတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ရောင်းချငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကျမ နာမည်၊ ကျမရဲ့ Fandom အမည် SUNSHINES နာမည်နဲ့ မြန်မာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လှူဒါန်းပေးသွားမှာပါ။ ဒီအလှူလေး ဖြစ်မြောက်အောင် ကူညီပေးပါဦးရှင့်”လို့ ဟန်နာယူရီက ပြောထားပါတယ်။Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံ အကြောင်း Speak Out လုပ်ပေးနေတဲ့ အနုပညာ ရှင်တဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် အလှူ Project တွေမှာ ပါဝင် လှုံ့ဆော်သွားမယ်လို့ ဆိုပါတယ်။

Credit : Irrawaddy

Zawgyi Version

ေတာင္ကိုရီးယား နိုင္ငံကို ေရာက္ရွိေနတဲ့ Makeup Artist နဲ႔ Freelance Model ဟန္နာယူရီဟာ မၾကာေသးခင္ကမွ ျမန္မာနိုင္ငံ အတြက္ လႉဒါန္းေပးမယ့္ Project ေတြမွာ ပါဝင္ လႈံ႔ေဆာ္မယ္လို႔ ေျပာထားၿပီး၊ ၿပီးခဲ့တဲ့ ရက္က Green Tea Drink ေၾကာ္ျငာ လက္ခံ ရိုက္ကူးေပးခဲ့ပါတယ္။“အားလုံး မေတြ႕ရတာ ၾကာၿပီေနာ္။ ဒီရက္ပိုင္းတြင္း တကၠသိုလ္ေက်ာင္း တဖက္နဲ႔မို႔ အလုပ္မ်ားေနလို႔ Active မျဖစ္တာပါရွင့္။ က်န္းမာေရးလည္း မေကာင္းလို႔၊ ေနေမ ကာင္းျဖစ္ေနလို႔ ဆႏၵျပပြဲကို မသြားနိုင္ခဲ့ဘူး။ ဒီေန႔ကေတာ့ ကိုရီးယားမွာ ၅ လအၾကာ ပထမဆုံး အလုပ္ျပန္လုပ္တာပါ”

“ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ျဖစ္ကတည္းက အလုပ္ေတြ နားထားတာ အခုက က်မ အေနနဲ႔ Donation ကို ဘယ္လို လႉရမလဲဆိုတာနဲ႔ ဒီမွာ Commercial ရိုက္ကူးေနတာပါ။ ဒီေၾကာ္ျငာကို အြန္လိုင္းမွာ တင္မွာပါ။ Green Tea ရဲ့ ေရာင္းခ်မႈ ၃၀ ရာခိုင္ႏႈန္း ေရာင္းရေငြကို ျမန္မာနိုင္ငံ အတြက္ လႉဒါန္းမွာ ျဖစ္ပါတယ္”လို႔ ဟန္နာယူရီက ေျပာပါတယ္။ အဆိုပါ ေၾကာ္ျငာအတြက္ အႏုပညာေၾကး မယူဘဲ ရိုက္ကူးေပးတာျဖစ္ၿပီး၊ ေရာင္းရေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကို ျမန္မာနိုင္ငံ အတြက္ လႉဒါန္းေပးသြားမယ္လို႔ ဆိုပါတယ္။

“ဒီေၾကာ္ျငာအတြက္ က်မ အေနနဲ႔ အႏုပညာေၾကး အခေၾကးေငြ မယူဘဲ လက္ခံ ရိုက္ကူးတာ ျဖစ္ပါတယ္။ ကုမၸဏီက ေရာင္းခ်ေငြရဲ့ ၃၀ ရာခိုင္ႏႈန္းကို က်မ နာမည္၊ က်မရဲ့ Fandom အမည္ SUNSHINES နာမည္နဲ႔ ျမန္မာ စစ္ေဘးေရွာင္ ဒုကၡသည္ေတြကို လႉဒါန္းေပးသြားမွာပါ။ ဒီအလႉေလး ျဖစ္ေျမာက္ေအာင္ ကူညီေပးပါဦးရွင့္”လို႔ ဟန္နာယူရီက ေျပာထားပါတယ္။Makeup Artist နဲ႔ Freelance Model ဟန္နာယူရီဟာ ေတာင္ကိုရီးယားနိုင္ငံမွာ ျမန္မာနိုင္ငံ အေၾကာင္း Speak Out လုပ္ေပးေနတဲ့ အႏုပညာ ရွင္တဦး ျဖစ္ၿပီး၊ ျမန္မာနိုင္ငံအတြက္ အလႉ Project ေတြမွာ ပါဝင္ လႈံ႔ေဆာ္သြားမယ္လို႔ ဆိုပါတယ္။

Credit:Irrawaddy