ကထိန္ခင္းကာ အလွဴ႕အမႀကီးအျဖစ္ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ခဲ့တဲ့ အလွမယ္သင္းသင္းရဲ႕ပံုရိပ္မ်ား
ပရိသတ္ႀကီးေရ သင္းသင္း ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ ပရိသတ္ အခ်စ္ေတာ္အႏုပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ သင္းသင္းကေတာ့ အလွမယ္တစ္ေယာက္ အေနနဲ႔ ပရိသတ္ေတြေရွ႕ကို စတင္ေရာက္ရွိလာခဲ့ၿပီး လက္ရွိမွာ အႏုပညာအလုပ္ေတြကိုပါလုပ္ကိုင္ေနခဲ့တာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ တန္ေဆာင္မုန္းလျပည့္ေန႔ ကေတာ့ သင္းသင္းက ကထိန္ခင္းအလႉေလးျပဳလုပ္ခဲ့ၿပီး ဒီေန႔မွာေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အလႉမွတ္တမ္းပုံေလးေတြကို မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ ပုံရိပ္ေလးေတြနဲ႔ အတူလည္း “ဘဝရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ အခ်ိန္ေလးေတြ ထဲက ဆႏၵတစ္ခုျဖစ္ေျမာက္ခဲ့ျပန္ၿပီ ပထမဆုံး ကထိန္းအလႉေလးပါ။ က်မတို႔ ေမာင္ႏွမသုံးေယာက္ရဲ႕အလႉေလး မိဘေက်းဇူးေလးကို ထပ္ဆပ္ခြင့္ရျပန္ၿပီ။ ႏွစ္တိုင္း —-ကထိန္းခင္းႏိုင္ဖို႔ ႀကိဳးစားပါ့မယ္။
သင္းတို႔မိသားစုျပဳသမွ် ကုသိုလ္အစုစုတို႔အား ထပ္တူထပ္မွ်ေကာင္းက်ိဳးရၾကပါေစ။ တန္ေဆာင္းမုန္း လျပည့္ရဲ႕ ကထိန္အလႉပုံရိပ္ေလးေတြပါ” ဆိုျပီး ကထိန္ခင္းအလွဴေလးျပုလုပ္နိုင္ဖို႕က သူ႕ဘဝမွာျပုလုပ္ခ်င္တဲ့ ဆႏၵေလးတစ္ခုျဖစ္ေၾကာင္းလည္း ေျပာျပထားခဲ့ပါေသးတယ္ ပရိသတ္ၾကီးေရ။
Source – Thin Thin
Credit – CeleZone
ကထိန်ခင်းကာ အလှူ့အမကြီးအဖြစ်ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တဲ့ အလှမယ်သင်းသင်းရဲ့ပုံရိပ်များ
ပရိသတ်ကြီးရေ သင်းသင်း ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပရိသတ် အချစ်တော်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ သင်းသင်းကတော့ အလှမယ်တစ်ယောက် အနေနဲ့ ပရိသတ်တွေရှေ့ကို စတင်ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်တွေကိုပါလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ကတော့ သင်းသင်းက ကထိန်ခင်းအလှူလေးပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူမှတ်တမ်းပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ပုံရိပ်လေးတွေနဲ့ အတူလည်း “ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်လေးတွေ ထဲက ဆန္ဒတစ်ခုဖြစ်မြောက်ခဲ့ပြန်ပြီ ပထမဆုံး ကထိန်းအလှူလေးပါ။ ကျမတို့ မောင်နှမသုံးယောက်ရဲ့အလှူလေး မိဘကျေးဇူးလေးကို ထပ်ဆပ်ခွင့်ရပြန်ပြီ။ နှစ်တိုင်း —-ကထိန်းခင်းနိုင်ဖို့ ကြိုးစားပါ့မယ်။
သင်းတို့မိသားစုပြုသမျှ ကုသိုလ်အစုစုတို့အား ထပ်တူထပ်မျှကောင်းကျိုးရကြပါစေ။ တန်ဆောင်းမုန်း လပြည့်ရဲ့ ကထိန်အလှူပုံရိပ်လေးတွေပါ” ဆိုပြီး ကထိန်ခင်းအလှူလေးပြုလုပ်နိုင်ဖို့က သူ့ဘဝမှာပြုလုပ်ချင်တဲ့ ဆန္ဒလေးတစ်ခုဖြစ်ကြောင်းလည်း ပြောပြထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။
Source – Thin Thin
Credit – CeleZone