Credit;
သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၀၀% အချစ်” ဇာတ်လမ်းတွဲထဲက အမှတ်တရပုံရိပ်တွေကိုတစ်ပုံချင်းပြသလာတဲ့ ကောင်းမြတ်စံနဲ့ဆောင်းဝတ်ရည်မေ
ပရိသတ်ကြီးရေ မင်းသမီးချောလေးဆောင်းဝတ်ရည်မေနဲ့ မင်းသားချော ကောင်းမြတ်စံတို့ဟာဆိုရင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ ကောင်းမြတ်စံက “၁၀၀% အချစ်” ဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်က အမှတ်တရကို မျှဝေပေးလာခဲ့ပါတယ်။ ကောင်းမြတ်စံက သူနဲ့အတူတူဓာတ်ပုံတွဲရိုက်တဲ့ ဆောင်းဝတ်ရည်မေအကြောင်းကို “Selfie ရိုက်နေတာ ပါချင်တယ် ဆိုလို့ သနားလို့ရိုက်ပေးလိုက်တာ သိပ်ရိုက်ချင်တာမဟုတ်ဘူးနော် မိုးနီ 🙂” ဆိုပြီး စနောက်ထားပါတယ်။
“၁၀၀% အချစ်” ဇာတ်လမ်းတွဲလေး ကတော့ ဒရမ်မာ ဇာတ်ကားလေးဖြစ်သလို မိသားစုအကြောင်းလေးလည်းပါတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေသွေးနဲ့ ခင်ပြည့်စုံတို့ရဲ့ ဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။
Credit;