“သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ” လို့ဆိုလိုက်တဲ့ သက်ထားသူဇာ

Posted on

မြန်မာဂုဏ်ဆောင် အားကစားမယ်လေး တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာကတော့ နိုင်ငံတကာမှာ မြန်မာကိုယ်စားပြု အနေနဲ့ ကြက်တောင်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေလည်း များစွာ ရရှိထားတဲ့သူတစ်ယောက်ပါ။ လတ်တလောမှာလည်း မြန်မာဂုဏ်ဆောင်တစ်ယောက်အနေနဲ့ ဂုဏ်ယူနိုင်စရာ သတင်းလေးတစ်ခုကို ထပ်မံဆောင်ရွက် နိုင်ခဲ့ပြန်ပါတယ်။

အဲ့တာကတော့ တိုကျို (၂၀၂၀) အိုလံပစ် ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဝင်ခွင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သက်ထားကိုယ်တိုင်ကလည်း ဒီလိုဝင်ခွင့်ရရှိဖို့ကို နှစ်နဲ့ချီကာ မျှော်လင့်ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုပါတဲ့။ အခုလို အိမ်မက်လေးက တကယ်ဖြစ်လာခဲ့တဲ့ အတွက် သက်ထား ကိုယ်တိုင်ကလည်း ပျော်ရွှင်နေခဲ့ပြီး မြန်မာကိုယ်စားပြု တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါလို့လည်း ဆိုထားပါသေးတယ်။

အားလုံးခက်ခဲပြီး စိတ်တွေညစ်ညူးနေတဲ့ ဒီအချိန်မှာ ခဏလေးဖြစ်ဖြစ်ပြုံးပျော်နိုင်အောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် သွားမှာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးရဲ့ အောင်မြင်မှုတွေပါပဲတဲ့။ ပရိသတ်ကြီးရေ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ သက်ထားသူဇာအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source – Thet Htar Thuzar

Zawgyi Version

ျမန္မာဂုဏ္ေဆာင္ အားကစားမယ္ေလး တစ္ေယာက္ျဖစ္တဲ့ သက္ထားသူဇာကေတာ့ နိုင္ငံတကာမွာ ျမန္မာကိုယ္စားျပဳ အေနနဲ႔ ၾကက္ေတာင္ၿပိဳင္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေတြလည္း မ်ားစြာ ရရွိထားတဲ့သူတစ္ေယာက္ပါ။ လတ္တေလာမွာလည္း ျမန္မာဂုဏ္ေဆာင္တစ္ေယာက္အေနနဲ႔ ဂုဏ္ယူနိုင္စရာ သတင္းေလးတစ္ခုကို ထပ္မံေဆာင္ရြက္ နိုင္ခဲ့ျပန္ပါတယ္။

အဲ့တာကေတာ့ တိုက်ိဳ (၂၀၂၀) အိုလံပစ္ ၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္နိုင္ဖို႔ ဝင္ခြင့္ ရရွိခဲ့တာပဲျဖစ္ပါတယ္။ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိဖို႔ဆိုတာ တကယ္ကို မလြယ္ကူတဲ့ ကိစၥတစ္ခုျဖစ္ၿပီး သက္ထားကိုယ္တိုင္ကလည္း ဒီလိုဝင္ခြင့္ရရွိဖို႔ကို ႏွစ္နဲ႔ခ်ီကာ ေမၽွာ္လင့္ႀကိဳးစားခဲ့ရတဲ့ အိပ္မက္တစ္ခုပါတဲ့။ အခုလို အိမ္မက္ေလးက တကယ္ျဖစ္လာခဲ့တဲ့ အတြက္ သက္ထား ကိုယ္တိုင္ကလည္း ေပ်ာ္ရႊင္ေနခဲ့ၿပီး ျမန္မာကိုယ္စားျပဳ တစ္ေယာက္အေနနဲ႔ အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္သြားမွာပါလို႔လည္း ဆိုထားပါေသးတယ္။

အားလုံးခက္ခဲၿပီး စိတ္ေတြညစ္ညဴးေနတဲ့ ဒီအခ်ိန္မွာ ခဏေလးျဖစ္ျဖစ္ျပဳံးေပ်ာ္နိုင္ေအာင္ အေကာင္းဆုံး ႀကိဳးစားယွဥ္ၿပိဳင္ သြားမွာျဖစ္ၿပီး သူ႔ရဲ့ေအာင္ျမင္မႈဟာ ျမန္မာျပည္သူျပည္သားေတြ အားလုံးရဲ့ ေအာင္ျမင္မႈေတြပါပဲတဲ့။ ပရိသတ္ႀကီးေရ အိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တဲ့ သက္ထားသူဇာအတြက္ ဂုဏ္ျပဳစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။

Source – Thet Htar Thuzar