Credit- CeleZone
မကြာခင်ကရိုက်ခဲ့တဲ့ဓာတ်ပုံတွေအပေါ် အမျိုးမျိုးကော်မန့်ပေးသူတွေကို သူမရဲ့ခံစားအမှန်အား Screen Recordနဲ့ထုတ်ပြောလာတဲ့ ထက်ထက်မိုးဦးရဲ့သမီးလေး
ပရိသတ်ကြီးရေ စစ်လွန်းဝတီထက် ကတော့ နိုင်ငံကျော်မင်းသမီးကြီး ထက်ထက်မိုးဦးနဲ့ အနုပညာလောကမှာ ထိုက်သင့်သလောက်ပရိသတ်တွေသိရှိထားတဲ့မင်းသားစိုင်းလွှမ်းတို့ရဲ့တစ်ဦးတည်းသောသမီးလေးဆိုတာပြောစရာမလိုလောက်အောင် သိရှိပြီးသားဖြစ်မှာပါ။ စစ်လွန်းလေးကတော့ ဖခင်စိုင်းလွှမ်းနဲ့ငယ်စဉ်ထဲကအတူနေထိုင်ကာ အခုဆိုရင် တသွေးတမွှေးလှလာတဲ့ မြှီးကောင်ပေါက်စအရွယ်လေးကိုရောက်ရှိလာခဲ့ပါပြီနော်။
စစ်လွန်းလေး ကိုယ်တိုင် ဆိုရှယ်မီဒီယာ အကောင့်ကို အသုံးပြုကာ သူမရဲ့လှုပ်ရှားမှု ပျော်ရွှင်မှု ခံစားချက်လေးတွေကိုလည်း တင်ကာ ချစ်တဲ့ပရိသတ်တွေကို ဝေမျှလျက်ရှိတာပါ။ဒီနေ့မှာလည်း”သမီးပုံလေးတွေရဲ့ comment တွေမှာ (ချစ်)ဆိုတဲ့စာလေးတွေနဲ့ (စ) ပြီးရေးထားကြတာ ချစ်စရာကောင်းလိုက်တာ ပျော်စရာကြီး သမီးကိုချစ်ပေးကြသလိုမျိုးသမီးကလည်း အားလုံးကို ပိုချစ်ရတာပေါ့ နော်
Screen Record လေးယူမိတာ sorry ပါနော် 🙏”ဆိုတဲ့စာလေးနဲ့ သူမရဲ့ပုံလေးတွေမှာ ပရိသတ်တွေက ချစ်ကြောင်းပြောဆိုထားတဲ့မှတ်ချက်လေးတွေကြောင့် ပျော်ရွှင်ဝမ်းသာလျက်ရှိတာပါ။ပရိသတ်တွေထဲမှာလည်း စစ်လွန်းလေးကို ချစ်တဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ကြပါဦးနော်။
Credit- CeleZone
Source- SisLoonWatiHtet