
Posted on





Credit;

သူ့ကိုချစ်တဲ့ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်သွားတဲ့ စာရေးဆရာအကြည်တော်ရဲ့ ရေဝေးခန်းမဆောင်တွင်ရှိနေတဲ့ နောက်ဆုံးမြင်ကွင်းပုံရိပ်များ

ပရိသတ်ကြီးရေ စာရေးဆရာအကြည်တော်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ(၉)ရက်နေ့မှာ ဘဝတပါးကိုကူးပြောင်းသွားတာပဲဖြစ်ပါတယ်နော်။သူဟာ ဟာသဝတ္ထုတွေရေးရင်းအောင်မြင်ကျော်ကြားခဲ့တဲ့ စာရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။

စာရေးဆရာအကြည်တော်ဟာ ကွယ်လွန်သွားချိန်မှာ အသက် (၅၁) နှစ်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်တည်းလူပျိုကြီးတစ်ယောက်ဖြစ်တာမို့ မောင်နှမတွေနဲ့ တူ၊ တူမတွေသာ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အကြည်တော်ရဲ့ ရုပ်အလောင်းလို နိုဝင်ဘာလ (၁၁) ရက် ညနေ ၃နာရီ မှ ၄နာရီ ရေဝေးခန်းမဆောင် ၁(က) တွင်နောက်ဆုံးနှုတ်ဆက်ဂါရဝပြုကြမည်ဖြစ်ပြီး ဂူသွင်းသင်္ဂြိုလ်သွားမှာပဲ ဖြစ်ပါတယ်။

စာရေးဆရာကြီးအကြည်တော်ဟာ အစာရေမြိုကင်ဆာရောဂါကို ထိုင်းနိုင်ငံမှာ ကုသနေတာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက ရုတ်တရက်နှလုံးရပ်သွားခဲ့တာကြောင့် ရန်ကုန်ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရကာ ပင်လုံဆေးရုံကြီးမှာပဲ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

Credit;