
Posted on





Source – Tun Connie
Credit – CeleZone

တန်ဆေင်မုန်းလပြည့်နေ့မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဒေသာပင်စိုက်ထူကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ အပျိုကြီးကော်နီ

ပရိသတ်ကြီးရေ ကော်နီကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို ဖန်တီးသီဆိုနိုင် ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ဆယ်ဆုနှစ်နဲ့ချီပြီးတော့ကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်းမုန်း လပြည့်နေ ့ကတော့ ကော်နီက သူ့ရဲ့မိတ်ဆွေအပေါင်းသင်းတွေ နဲ့အတူ မွန်မြတ်လှတဲ့ ပဒေသာပင် အလှူလေးပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ပြန်လည်မျှဝေဖော်ပြလာခဲ့ပါတယ်။ “7.11.2022 တန်ဆောင်မုန်းလပြည့်နေ့ သောဘိတာလင်္ကာရပရိယတ္တိစာသင်တိုက် (၇)နှစ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှုပွဲ။ (မကော်ရဲ့ပဒေသာပင်လေးမှာ ကုသိုလ်အတူပြုခဲ့ကြတဲ့ အလှု့ရှင်အလှု့အမမောင်နှမများနှင့်သားသမီးများ)စိတ်ချမ်းသာကိုယ်ကျန်းမာပြီးကောင်းကျိုးလိုရာဆန္ဒများ မတောင်းပါဘဲပြည့်ကြပါစေရှင်။ကထိန်အလှုရဲ့အကျိုးကျေးဇူးများကိုဆထက်တိုးလို့ ရရှိပိုင်ဆိုင်ခံစားကြရပြီး လှုဒါန်းနိုင်ကြပါစေရှင်။

ပဒေသာပင်အလှုငွေ သိန်း(၂၀) ပါနော်။ ကုသိုလ်အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့။ သာဓုသာဓုသာဓု” ဆိုပြီးအတူပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်းကျေးဇူးတင်ကြောင်းနဲ့ သူတို့ရဲ့ ကောင်းမှုတွေကို တွေ့မြင်ကြားသိတဲ့ပရိသတ်တွေလည်း ကုသိုလ်ထပ်တူရရှိစေဖို့ ကော်နီက အမျှပေးဝေထားခဲ့တာပါသေးတယ် ပရိသတ်ကြီးရေ။

Source – Tun Connie
Credit – CeleZone