Credit;
မရှိတော့တဲ့ဖခင်ကြီးရဲ့မွေးနေ့လေးမှာ ဝမ်းနည်းခြင်းများစွာနဲ့အမှတ်တရစကားလေးတစ်ခွန်းပြောလာတဲ့ မေတ္တာမြင့်မြတ်ဟိန်း
ပရိသတ်ကြီးရေ လူရွှင်တော်ဦးမေတ္တာဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်အားပေးမှုကိုလည်းရရှိထားပါတယ်။
ဦးမေတ္တာဟာ ကွယ်လွန်သွာ းခဲ့တာ တစ်နှစ်ကျော်အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ မိသားစုတွေ ကလည်း ဦးမေတ္တာကို နေ့စဉ်နေ့တိုင်း သတိရနေဆဲပဲ ဖြစ်ပါတယ်။မနေ့က နိုဝင်ဘာလ (၈) ရက်နေ့ကတော့ ဦးမေတ္တာရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဦးမေတ္တာဟာ လူ့လောကကြီးထဲမှာ အသက်ရှင်နေခြင်းမရှိတော့ပေမယ့် သူ့ရဲ့သားဖြစ်သူ လူရွှင်တော်၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းက ဖခင်အတွက် “Happy Birthday ဖေဖေ 😞😞😞 အရင်လိုဘဲ Happy Birthday လို့ပြေပြီး ပြေးဖက်ချင်လိုက်တာ ဖေဖေ.. အချိန်တွေပြောင်းသွားပေမယ့် မျှော်နေမိတုန်းဘဲ ဖေဖေ” ဆိုပြီး ယခင်က ပုံရိပ်ဟောင်းလေးနဲ့အတူတူ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
မေတ္တာမြင့်မြတ်ဟိန်း ကတော့ ဖခင်ကြီးကွယ်လွန်ပြီးတဲ့ နောက်မှာ နေ့စဉ်နေ့တိုင်းလိုလို အဖေ့ကို သတိရနေလျက်ရှိပြီး သူ့ရဲ့ရင်ဘတ်မှာလည်း ဖခင်ရဲ့ပုံတူကို သေရာပါ တက်တူးထိုးထားခဲ့တာပဲ ဖြစ်ပါတယ်။
Credit;