
Posted on





Credit-CeleZone
Soure – May ChitThway

ပြည်သူ့မင်းသားလေးပိုင်တံခွန်ရဲ့အကောင့်ကို လုံးဝပိတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်ကြီးအားပြောပြလာတဲ့ အစ်မဖြစ်သူမေချစ်သွေး

ပရိသတ်ကြီးရေ ​မေချစ်သွေးကတော့နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင် ပိုင်တံခွန်ရဲ့အစ်မအရင်းပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာရပ်ဝန်းကတော်တော်များများကအားကိုးရတဲ့ ဓာတ်ပုံပညာရှင်ကင်မရာမန်းတစ်ယောက်ဖြစ်ပြီး ပိုင်တံခွန်ရဲ့ ပရိသတ်ကြိုက် အလှပုံရိပ်တော်တော်များများကို မေချစ်သွေးကိုယ်တိုင်ရိုက်ကူးပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မေချစ်သွေး ကတော့ ပိုင်တံခွန်ရဲ့ ရှူတင်ပွဲတက်အကုန်လုံးကို လိုက်လံပါဝင်လျက်ရှိသူပါ။ပိုင်တံခွန်ရဲ့ကိစ္စအဝဝ ကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိတဲ့မေချစ်သွေးကတော့ဒီနေ့မှာလည်း ပိုင်တံခွန်ရဲ့အကောင့်နဲ့ပတ်သက်ပြီး သတင်းထူးတစ်ခုကိုသူမရဲ့အကောင့်ကနေ ပြောပြလာခဲ့တာပါ။

” ❗️Paing Takhon Acc ကို လုံးဝပိတ်ပစ် လိုက်ပါပြီဗျ။❗️ရှေ့လျှောက် Paing Takhon ဒီ page နဲ့ IG Acc ကိုပဲ သုံးပါတော့မယ်ဗျ။”ဆိုတဲ့စာလေးနဲ့ လက်ရှိပိုင်တံခွန်အသုံးပြုမယ့်ဆိုရှယ်မီဒီယာ အကောင့်နဲ့Pageကိုချပြလာခဲ့တာပါ။ပရိသတ်တွေလည်း ပြည်သူ့အချစ်တော်မင်းသားပိုင်တံခွန်ရဲ့ လှုပ်ရှားမှုတွေကိုသိဖို့အတွက် လက်ရှိအသုံးပြုနေတဲ့ pageနဲ့ အကောင့်တွေကိုသိရှိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit-CeleZone
Soure – May ChitThway