
Posted on





Credit;

ညီအစ်မတွေလို့ထင်ရလောက်အောင် အရမ်းကိုနုပျိုလွန်းတဲ့ ချစ်မေမေနဲ့အမှတ်တရပုံရိပ်တွေကို ပြသလာတဲ့ သရုပ်ဆောင်ပွင့်

ပရိသတ်ကြီးရေ သရုပ်ဆောင်ပွင့်ဟာဆိုရင် အနုပညာလောကမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ဝဝကစ်ကစ်ခန္ဓာကိုယ်လေးကတင် ပရိသတ်တွေရဲ့အမြင်မှာချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။

ပွင့်ဟာ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကိုရောက်ရှိနေပြီ ဆိုပေမယ့် အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ သူမရဲ့ မေမေနဲ့သာ အတူတူနေရင်း အချိန်တွေကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပွင့်ဟာ တစ်ကိုယ်တည်းသမားပီပီ သူမရဲ့မေမေနဲ့သာ အမြဲတမ်းတတွဲတွဲရှိတာမို့ တချို့တွေက ညီအစ်မတွေလားလို့တောင် မေးကြကြောင်း “ချစ်မေမေနဲ့ ဘေဘီပွင့်လေး😍 တတွဲတွဲနဲ့မို့ ညီအစ်မတွေလားလို့ ခဏခဏမေးကြရတဲ့ သားအမိတွေပါရှင့်😘 ” ဆိုပြီး ပြောပြလာပါတယ်။

ပွင့်တို့ သားအမိတွေကတော့ ပွင့်ကလည်း ချစ်စရာကောင်းသလို မေမေ ကလည်း နုပျိုတာကြောင့် ညီအစ်မတွေလို့ ထင်မယ်ဆိုလည်း အထင်ခံချင်စရာပါပဲနော်။ ပရိသတ်ကြီးလည်း ပွင့်တို့ သားအမိနှစ်ယောက်ရဲ့ ရှားရှားပါးပါးပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

Credit;