ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်နှင့် ဝတ္ထုငွေကပ်လှူကာ ပြည်သူတွေ အတွက် ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်နန္ဒ

Posted on

ကျော်ကျော်နန္ဒကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်ပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ တတ်နိုင်သလောက် အင်တိုက် အားတိုက်ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခံထားရပေမယ့် အခုတော့ အမှုရုပ်သိမ်းပေးတဲ့ အထဲမှာ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ အားလုံးက ဝမ်းသာနေကြတာပါ။

ရှောင်တိမ်းနေရချိန်တွေမှာ လည်း သူ့အနေနဲ့ အခက် အခဲတွေ အဆင်မပြေမှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ အခုတော့ အမှုက ရုပ်သိမ်းခံရတာကြောင့် ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီးကိုလည်း အနီးကပ် ပြုစုပေးရလို့ ကြည်နူးပီတိဖြစ်နေရှာတာပါ။ သူကိုယ်တိုင်လည်း နေထိုင် မကောင်းဖြစ်နေကြောင်းကိုလည်း Facebook စာမျက်နှာထက်မှာဖော်ပြခဲ့ပါသေးတယ်။

ဒီနေ့လေးမှာတော့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါဆိုးကြီးကနေ ပြည်သူ ပြည်သားတွေ ဘေးကင်း လွတ်မြောက်စေဖို့ တတ်နိုင်သလောက် အလှူ အတန်းတွေ လုပ်ကာ ဆုတောင်းပေးခဲ့ကြောင်းဖော်ပြလာပါတယ်။ ဘုန်းဘုန်း ထံမှာ ကိုယ်တိုင် ဆွမ်းချိုင့် နဲ့ ဝတ္တုငွေများ ကပ်လှူနေတဲ့ ပုံလေးတွေကိုလည်း ဝေမျှထားရာ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Credit:

Zawgyi Version

ေက်ာ္ေက်ာ္နႏၵကေတာ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြျပဳလုပ္ၿပီး တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ခဲ့သူပဲ ျဖစ္ပါတယ္။ တတ္နိုင္သေလာက္ အင္တိုက္ အားတိုက္ပါဝင္ခဲ့တဲ့ ေက်ာ္ေက်ာ္နႏၵကေတာ့ ၅၀၅ က ျဖင့္ အမႈဖြင့္ အေရးယူခံထားရေပမယ့္ အခုေတာ့ အမႈ႐ုပ္သိမ္းေပးတဲ့ အထဲမွာ ပါဝင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ အားလုံးက ဝမ္းသာေနၾကတာပါ။

ေရွာင္တိမ္းေနရခ်ိန္ေတြမွာ လည္း သူ႔အေနနဲ႔ အခက္ အခဲေတြ အဆင္မေျပမႈေတြကို ရင္ဆိုင္ခဲ့ရတာပါ။ အခုေတာ့ အမႈက ႐ုပ္သိမ္းခံရတာေၾကာင့္ က်န္းမာေရး မေကာင္းတဲ့ မိခင္ႀကီးကိုလည္း အနီးကပ္ ျပဳစုေပးရလို႔ ၾကည္ႏူးပီတိျဖစ္ေနရွာတာပါ။ သူကိုယ္တိုင္လည္း ေနထိုင္ မေကာင္းျဖစ္ေနေၾကာင္းကိုလည္း Facebook စာမ်က္ႏွာထက္မွာေဖာ္ျပခဲ့ပါေသးတယ္။

ဒီေန႔ေလးမွာေတာ့ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားေနတဲ့ ကိုဗစ္ ေရာဂါဆိုးႀကီးကေန ျပည္သူ ျပည္သားေတြ ေဘးကင္း လြတ္ေျမာက္ေစဖို႔ တတ္နိုင္သေလာက္ အလႉ အတန္းေတြ လုပ္ကာ ဆုေတာင္းေပးခဲ့ေၾကာင္းေဖာ္ျပလာပါတယ္။ ဘုန္းဘုန္း ထံမွာ ကိုယ္တိုင္ ဆြမ္းခ်ိဳင့္ နဲ႔ ဝတၱဳေငြမ်ား ကပ္လႉေနတဲ့ ပုံေလးေတြကိုလည္း ေဝမၽွထားရာ ပရိသတ္ႀကီးလည္း ေက်ာ္ေက်ာ္နႏၵရဲ့ အလႉေလးကို သာဓု ေခၚနိုင္ေစရန္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit: