ပရိသတ်ကြီးရေ ဂီတလောကမှာ တေးသီချင်းပေါင်းများစွာကို ဆယ်စုနှစ် နှစ်စုတိုင်အောင် ကိုယ်တိုင်ဖန်တီးရေးသား သီဆိုနေတဲ့ အဆိုတော်ဟဲလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ရရှိထားတာပဲဖြစ်ပါတယ်။ ဟဲလေးဟာဆိုရင် သူချစ်ရတဲ့ပရိတ်သတ်တွေအပေါ် တလေးတစား ဆက်ဆံတတ်တဲ့အပြင် လူတိုင်းကိုလည်း ကူညီချင်စိတ်ရှိသူ တစ်ဦးဖြစ်တဲ့အပြင် ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်း သူလည်းဖြစ်ပါတယ်။
အဆိုဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေကိုလည်းမြေတောင် မြှောက်ပေးနေပြီး လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တစ်ချို့ရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ ဟဲလေးရဲ့ သီချင်းဟောင်းလေးတွေကလည်း အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးနားဆင်ခြင်းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါအပြင် အခုလတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းစေရန် ဆုတောင်းပေးနေတာလည်းဖြစ်ပါတယ်။
ဒီကနေ့ဟာဆိုရင်ဖြင့် ဟဲလေးရဲ့ အသက် ၄၀ ပြည့်တဲ့ မွေး နေ့လေး လည်းဖြစ်ပါတယ်။ သူရဲ့ Facebook စာမျက်နှာပေါ်မှာတော့ “ဓါတ်ပုံထဲက.. ပူတူတူးလေး🥰 ဒီနေ့..အသက်၄ဝပြည့်ပါတယ်🥰🎂🥰 Happy Birthday to Me🥰🎂🥰 ” ဆိုပြီး ရေးသားကာ မွေး နေ့ကို ပရိသတ်တွေ အား အသိပေးလိုက်ပါတယ်။ ဟဲလေးကို ချစ်တဲ့ ပရိသတ်ကြီး ကော ဟဲလေးရဲ့ ၄၀ နှစ်ပြည့် မွေးနေ့လေးကို ဆုတောင်းပေးလိုက်ကြပါအုံးနော်….
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)