သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားခဲ့တဲ့ အကြောင်း ပိုစ့်တင်လိုက်တဲ့ အောင်ရေချမ်း

Posted on

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော အောင်ရေချမ်း ကတော့ ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တဲ့ အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook ကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အောင်ရေချမ်းကတော့ လာမယ့် ဇူလိုင်လ (၇) ရက်နေ့မှာ ကျရောက်မယ့် အသက် (၂၉)နှစ်ပြည့်မြောက်မှာဖြစ်ပြီးမွေးနေ့အကြို အနေနဲ့ မြဝတီ မဟာစည် သာသနာ့ရိပ်သာမှာ သင်္ကန်စည်းကာရဟန်းခံပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

သာသနာ့ဘောင်မှာတော့ (၅) ရက်တိုင်တိုင် တရားအားထုတ်သွားမှာပါတဲ့။ အခုလို (၅)ရက်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ကုသိုလ်ကောင်းမှု အစုစုတို့ကိုအောင်ရေချမ်းက (၇) ရက်စားသမီး အပေါင်းကိုအမျှပေးဝေ ထားပါသေးတယ်။

ဒါ့အပြင် သူပြုလုပ်တဲ့ ကုသိုလ်တွေရဲ့အဖို့ဘာဂကိုလည်း မြန်မာပြည်သူ ပြည်သားအားလုံး ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေ လို့လည်း တောင်းဆုပြုထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အောင်ရေချမ်းတစ်ယောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ကြည်ညိုဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source – Aung Yay Chan
Credit:Cele Zone

Zawgyi Version

ပရိသတ္ေတြရဲ့အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေအာင္ေရခ်မ္း ကေတာ့ ဒီေန႔ ဇူလိုင္လ (၃) ရက္ေန႔မွာ သာသနာ့ေဘာင္ကို ဝင္ေရာက္သြားခဲ့တဲ့ အေၾကာင္းသူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာ Facebook ကေန မၽွေဝေဖာ္ျပလာခဲ့ပါတယ္။

ေအာင္ေရခ်မ္းကေတာ့ လာမယ့္ ဇူလိုင္လ (၇) ရက္ေန႔မွာ က်ေရာက္မယ့္ အသက္ (၂၉)ႏွစ္ျပည့္ေျမာက္မွာျဖစ္ၿပီးေမြးေန႔အႀကိဳ အေနနဲ႔ ျမဝတီ မဟာစည္ သာသနာ့ရိပ္သာမွာ သကၤန္စည္းကာရဟန္းခံၿပီး သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

သာသနာ့ေဘာင္မွာေတာ့ (၅) ရက္တိုင္တိုင္ တရားအားထုတ္သြားမွာပါတဲ့။ အခုလို (၅)ရက္တိုင္တိုင္ ျပဳလုပ္ခဲ့တဲ့ ဒါနကုသိုလ္ သီလကုသိုလ္ ဘာဝနာကုသိုလ္ ကုသိုလ္ေကာင္းမႈ အစုစုတို႔ကိုေအာင္ေရခ်မ္းက (၇) ရက္စားသမီး အေပါင္းကိုအမၽွေပးေဝ ထားပါေသးတယ္။

ဒါ့အျပင္ သူျပဳလုပ္တဲ့ ကုသိုလ္ေတြရဲ့အဖို႔ဘာဂကိုလည္း ျမန္မာျပည္သူ ျပည္သားအားလုံး ကပ္ႀကီးသုံးပါးမွေက်ာ္လႊားနိုင္ၾကပါေစ လို႔လည္း ေတာင္းဆုျပဳထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေအာင္ေရခ်မ္းတစ္ေယာက္ သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့တဲ့ ၾကည္ညိဳဖြယ္ ပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Photo Source – Aung Yay Chan
Credit:Cele Zone