အနုပညာဂီတလောကမှာ ထူးခြားတဲ့ အသံကိုပိုင်ဆိုင် ထားတဲ့ အဆိုတော်ထူးအယ်လင်းက သီချင်းကောင်းများစွာကို သီဆိုလာခဲ့တာဆိုရင် ဆယ်စုနှစ်ကျော် တိုင်ကြာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်း လာခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ အနုပညာအလုပ်မှာတင်အောင်မြင်ရုံမကပဲ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။
သူကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနည်းပါနေပေမယ့်လည်း ပရဟိတအလုပ်တွေကို တက်တက်ကြွကြွအင်တိုက်အားတိုက် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ထူးအယ်လင်းက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း စာဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ဘက်နေ လိုအပ်သလို ဖေးမကူညီပေးနေတာကိုလည်းတွေ့ရပါတယ်။
ယခုလည်း ရခိုင်စစ်ဘေးရှောင်တွေအတွက် အသင့်စား ငန်ပြာရည်ကြော်ပုံး အချိန်တစ်ဆယ်ပါ ပုံး အလုံး ၂၀ ၊ကြက်သွန်ကြော်အိတ် ၂၆ လုံး ကို ကျောက်တော်သို့ ပို့လိုက်ပြီဖြစ်ကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။
“ရခိုင်စစ်ဘေးရှောင်အတွက် အသင့်စား ငန်ပြာရည်ကြော်ပုံး(အချိန်တစ်ဆယ်ပါ ပုံးတစ်ပုံးကို ၁၃၇၀၀၀ ကျပ်) အလုံးနှစ်ဆယ်( ၂၀ ပုံး)၊ကြက်သွန်ကြော်အိတ် ၂၆ လုံး ကျောက်တော်သို့ ပို့လိုက်ပါပြီ ။ လှုဒါန်းမတည်ပေးသောအလှုရှင် ဦးမိုးနှင်းဒေါ်ခင်မာဝင်းရွှေဆိုင် (လှိုင်သာယာ မီးခွက်ဈေး) ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙏 သာဓု သာဓု သာဓု🙏🙏🙏” ဆိုပြီးအလှူအတွက် သာဓုခေါ် ရေးသားထားတာလေးကို Rangoon Times ပရိသတ်ကြီးပါ ကုသိုလ်ပွားများနိုင်အောင် ထူးအယ်လင်းရဲ့ ပိုစ့်လေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ ပရိသတ်ကြီးအားလုံး ကျန်းမာရွှင်လန်းပြီး ဘေးဘယာ ကင်းဝေးကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်။
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)