(၇) ထပ်ကွမ်း အကယ်ဒမီများရှင် မင်းသားကြီး ဦးညွန့်ဝင်း ယနေ့ဇူလိုင်လ (၁) ရက်​နေ့ မနက်တွင် ကွယ်လွန်

Posted on

(၇) ထပ်ကွမ်း အကယ်ဒမီများရှင် ဘဘမင်းသားကြီး ဦးညွန့်ဝင်း အသက် (၈၁) ယနေ့ဇူလိုင်လ (၁)ရက်​နေ့ မနက်တွင် ကွယ်လွန်သွားကြောင်းသိရှိရပါသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်းကို အဖ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သထုံမြို့၊ ဇွဲကလာရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

မင်းသားကြီး ဦးညွန့်ဝင်း သည် ဗန်တိုလူလေးနှင့် သူဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ထိုဇာတ်ကား ဟာ ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားလည်းဖြစ်ပေသည်။

ထို့နောက် ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ တတိယအရွယ်၏ဒုတိယဝေဒနာ ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ သီတာခုနှစ်တန် ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ သူ့ကျွန်မခံပြီ ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ဆန်ရေ ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။ယခုကွယ်လွန်ချိန်တွင် အသက် (၈၁) ရှိပြီဖြစ်ပြီး မြန်မာရုပ်ရှင်လောကအတွက်ကြီးစွာသောဆုံးရှုံးမှုကြီးဖြစ်သည်။

အကယ်ဒမီများရှင် ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်း အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ Rangoon Times မှ ထပ်တူ ဝမ်းနည်းမိပါသည်။ မင်းသားကြီး ဦးညွှန့်ဝင်း ​ကောင်းရာ ဘုံဘဝ​ရောက်ပါ​စေ။

Na Nge (Rangoon Times)

Zawgyi Version

(၇)ထပ္ကြမ္း အကယ္ဒမီမ်ားရွင္ ဘဘမင္းသားႀကီး ဦးညြန႔္ဝင္း အသက္ (၈၁) ယေန႔ဇူလိုင္လ (၁)ရက္​ေန႔ မနက္တြင္ ကြယ္လြန္သြားေၾကာင္းသိရွိရပါသည္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ ညြန္႔ဝင္းကို အဖ အလကၤာေက်ာ္စြာ ေရႊမန္းတင္ေမာင္၊ အမိ ေဒၚသိန္းညြန္႔တို႔က ၁၉၄၁ ခုႏွစ္ မတ္လ ၈ ရက္ေန႔တြင္ သထုံၿမိဳ႕၊ ဇြဲကလာရြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ၇ ဦးအနက္ အႀကီးဆုံးသား ျဖစ္သည္။

မင္းသားႀကီး ဦးညြန႔္ဝင္း သည္ ဗန္တိုလူေလးႏွင့္ သူဇာတ္ကားျဖင့္ ၁၉၆၈ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ထိုဇာတ္ကား ဟာ ႐ုပ္ရွင္ေလာကတြင္ မင္းသား ညြန္႔ဝင္း ဟူ၍ နာမည္ေက်ာ္ၾကားခိုင္မာေစခဲ့ေသာ ဇာတ္ကားလည္းျဖစ္ေပသည္။

ထို႕ေနာက္ ခ်စ္သူဝိုင္းဝိုင္းလည္ ဇာတ္ကားျဖင့္ ၁၉၇၁ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ တတိယအရြယ္၏ဒုတိယေဝဒနာ ဇာတ္ကားျဖင့္ ၁၉၈၃ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ သီတာခုႏွစ္တန္ ဇာတ္ကားျဖင့္ ၁၉၉၃ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ သူ႔ကၽြန္မခံၿပီ ဇာတ္ကားျဖင့္ ၁၉၉၇ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ဆန္ေရ ဇာတ္ကားျဖင့္ ၂၀၀၂ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ လၽွို႔ဝွက္ေသာႏွင္း ဇာတ္ကားျဖင့္ ၂၀၀၄ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု စသည္ျဖင့္ ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆု ၇ ႀကိမ္ရရွိထားၿပီး ျဖစ္သည္။ယခုကြယ္လြန္ခ်ိန္တြင္ အသက္ (၈၁) ရွိၿပီျဖစ္ၿပီး ျမန္မာ႐ုပ္ရွင္ေလာကအတြက္ႀကီးစြာေသာဆုံးရႈံးမႈႀကီးျဖစ္သည္။

အကယ္ဒမီမ်ားရွင္ ႐ုပ္ရွင္မင္းသားႀကီး ဦးညႊန္႔ဝင္း အတြက္ က်န္ရစ္သူမိသားစုႏွင့္အတူ Rangoon Times မွ ထပ္တူ ဝမ္းနည္းမိပါသည္။ မင္းသားႀကီး ဦးညႊန္႔ဝင္း ​ေကာင္းရာ ဘုံဘဝ​ေရာက္ပါ​ေစ။

Na Nge (Rangoon Times)