အနုပညာရှင်တွေ အများစုကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့ကြပါတယ်။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိထွက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
ဒါ့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်းကုန်နေ့ရောညပါ soeak out တွေလည်း လုပ်ခဲ့ကြပါတယ်။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ်။
ဒီမနက်အစောပိုင်းလောက်မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေအပြင် အခြား နိုင်ငံရေးသမားများကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ အားလုံးကလည်း ရင်ခုန်စွာနဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ဆို လွှတ်ပေးမယ့် နာမည်စာရင်းတွေပါ ကြိုသိနေကြသလို ပိုတောင် ရင်ခုန်နေကြတာတွေရှိနေပါတယ်။ အခုလည်း တစ်မနက်လုံး အားလုံး မျှော်လင့် စောင့်စားနေကြတဲ့အတိုင်း မေတိုးခိုင်တော့ ပြန်လည်လွတ်မြောက်လာကာအိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း သိရှိ ရပါတယ် ။ မိသားစုနဲ့ ထပ်တူ ဝမ်းသာပျော်ရွှင်မိတာကြောင့် ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
Zawgyi Version
အႏုပညာရွင္ေတြ အမ်ားစုကေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြနဲ႔ အတူ အျပည့္အဝ ရပ္တည္ခဲ့ၾကပါတယ္။သူတို႔ရဲ့ ေအာင္ျမင္ေတြ ေက်ာ္ၾကားမႈေတြကို ေမ့ကာ ျပည္သူေတြနဲ႔ တစ္သားတည္း လမ္းမေပၚအထိထြက္ကာ ဆႏၵ ထုတ္ေဖာ္ခဲ့ၾကတာပါ။
ဒါ့အျပင္ သူတို႔ရဲ့အေကာင့္ေတြကေနလည္း အစြမ္းကုန္ေန႔ေရာညပါ soeak out ေတြလည္း လုပ္ခဲ့ၾကပါတယ္။ ဒါ့ၾကာင့္လည္း ပုဒ္မ (၅၀၅-က) နဲ႔ တရားစြဲဆိုခံရသူေတြ ရွိသလို တစ္ခ်ိဳ႕ နာမည္ႀကီး အႏုပညာရွင္ေတြဆို ကံမေကာင္းစြာနဲ႔ပဲ ဖမ္းဆီး ခံခဲ့ၾကပါတယ္။
ဒီမနက္အေစာပိုင္းေလာက္မွာေတာ့ ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္ေတြအျပင္ အျခား နိုင္ငံေရးသမားမ်ားကို လႊတ္ေပးမယ္ဆိုတဲ့ သတင္းေတြ ထြက္ရွိခဲ့ပါတယ္။ အားလုံးကလည္း ရင္ခုန္စြာနဲ႔ ေစာင့္ေနခဲ့ၾကသလို တစ္ခ်ိဳ႕ဆို လႊတ္ေပးမယ့္ နာမည္စာရင္းေတြပါ ႀကိဳသိေနၾကသလို ပိုေတာင္ ရင္ခုန္ေနၾကတာေတြရွိေနပါတယ္။ အခုလည္း တစ္မနက္လုံး အားလုံး ေမၽွာ္လင့္ ေစာင့္စားေနၾကတဲ့အတိုင္း ေမတိုးခိုင္ေတာ့ ျပန္လည္လြတ္ေျမာက္လာကာအိမ္ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရွိ ရပါတယ္။ မိသားစုနဲ႔ ထပ္တူ ဝမ္းသာေပ်ာ္ရႊင္မိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ သတင္းေကာင္းေလးကို ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္။
Credit– Cele Zone