အနုပညာဂီတလောကမှာ ထူးခြားတဲ့ အသံကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်ထူးအယ်လင်းက သီချင်းကောင်းများစွာကို သီဆိုလာခဲ့တာဆိုရင်ဆယ်စုနှစ်ကျော် တိုင်ကြာခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေနဲ့ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်း လာခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ အနုပညာအလုပ်မှာတင်အောင်မြင်ရုံမကပဲ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။သူကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနည်းပါနေပေမယ့်လည်း ပရဟိတအလုပ်တွေကို တက်တက်ကြွကြွအင်တိုက်အားတိုက် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ထူးအယ်လင်းက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း စာဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ဘက်နေ လိုအပ်သလို ဖေးမကူညီပေးနေတာကိုလည်းတွေ့ရပါတယ်။
၂၇.၆.၂၀၂၁ (တနင်္ဂနွေ) ဟာ အစ်အဖြစ်သူမဥမ္မာရှိန်ရဲ့ ၃ လပြည့်ကို ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးရင်း စိတ်မကောင်းစွာနဲ့ဆုတောင်းစကားဆို လာခဲ့တာပဲဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့အစ်မဖြစ်သူကို သတိရတိုင်းကုသိုလ်ကောင်းမှုတွေပြုုလုပ်ပေးရင်း ကောင်းရာဘုံဘဝရောက်ပြီး အသစ်ဘဝမှာ အေးချမ်းပြေလည်ဖို့နဲ့ အခုလို အဖြစ်မျိုးတွေ မကြုံဖို့ ဆုတောင်း အမျှဝေးပေးတဲ့ အ ကြောင်းကို သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာပဲဖြစ်ပါတယ်။
“၂၇.၆.၂၀၂၁ (တနင်္ဂနွေ) ငါ့အမ ကွယ်လွန်တာ ၃ လ ပြည့်ခဲ့ပြီ,,, နေ့ရက် လ နှစ်တွေ ကုန်တာမြန်လိုက်တာ… မမလေး ကောင်းရာဘုံဘဝရောက်ပြီး အသစ်ဘဝမှာ အေးချမ်းပြေလည်ပါစေ🙏 အခုလိုအဖြစ်စနစ်တွေနဲ့ ဝေးပါစေ🙏 ငါ ပြုသမျှကုသိုလ် ငါ့အမအတွက် အမျှပေးဝေပါတယ်… ကုသိုလ်အမျှရပါစေ ငါ့အမ 🙏”
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)