“အရောင်တူသူတွေနဲ့ အိမ်မှာ တစ်နေ့တာ” ဆိုပြီး ဓါတ်ပုံလှလှ လေးတွေတင်လိုက်တဲ့ ဆရာမလေး ချမ်းမြမြသော်

Posted on

ဆိုရှယ်မီဒီယာပေါ်မှာ video တွေကနေတဆင့် ကိုရီးယားဘာသာ စကားကို သင်ကြားပေးနေတဲ့ မြန်မာလူမျိုး ကိုရီးယားဘာသာစကား ဆရာမလေး ချမ်းချမ်း(ချမ်းမြမြသော်)ကတော့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ်မှာ တောင်ကိုရီး ယားရဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သတင်းစကားပါးခဲ့ရာမှ ပရိသတ်တွေအများ အပြားရရှိခဲ့ကာ ပရိသတ်အချစ်တော် ဆယ်လီ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ယနေ့မှာ တော့ သူမရဲ့ Facebook စာမျက်နှာမှာ အ ရောင်တူ ဝတ်ထားတဲ့ ဓါတ်ပုံလှလှ လေးတွေတင်ခဲ့ပြီး အ ရောင်တွေရဲ့ အ ကြောင်းကို အနည်းငယ်ရေးသားထားပါတယ်။ သူမ ရေးသားထားတာက တော့…

“လောကကြီးထဲမှာ အရောင် မျိုးစုံ ရှိကြတယ်။ တစ်ချို့ အရောင်တွေက အပူဓာတ်ကို ဆောင်ပြီး၊ တစ်ချို့ အရောင်တွေကတော့ အအေးဓာတ်ကို ဆောင်ကြတယ်။ ဒါ့အပြင် အခြား အရောင်နဲ့ ပေါင်းစပ်လိုက်မှ ပိုမို အရေအသွေးကျပြီး တောက်ပလာတဲ့ အရောင်တွေလည်း ရှိသလို၊ အခြား အရောင်နဲ့ ပေါင်းစပ်လိုက်မှ ပိုမို မှေးမှိန်သွားတဲ့ အရောင်တွေလည်း ရှိကြတယ်။

လောကကြီးမှာ နေထိုင်တဲ့အခါ မိမိရဲ့ ပင်ကိုယ် အရောင်အတိုင်းလည်း လှပပေမယ့် မိမိရဲ့ ပင်ကိုယ် အရောင်ကို ပိုမို ကြွစေမယ့် အခြား အရောင် တစ်ခုခုကို ရွေးချယ်ရတဲ့ အခါမျိုး ရှိတတ်တယ်။ အရောင်တိုင်းတော့ မိမိနဲ့ မလိုက်ဖက်ပေမယ့် လိုက်ဖက်ရာ အရောင်ချင်း တွေ့တဲ့ အခါမှာတော့ လှပတဲ့ အရောင် တစ်ခု ပေါ်ထွက်လာစမြဲပါပဲ။ အရောင်တူသူတွေနဲ့ အိမ်မှာ တစ်နေ့တာ” ဆိုပြီး ရေးသားထားတာလေးနဲ့ ဓါတ်ပုံလှလှ လေးတွေကို Rangoon Times ပရိသတ်ကြီး ပြန်လည် ခံစားနိုင်ဖို့ ပြန်လည် မျှဝေလိုက်ရပါတယ်။

Na Nge (Rangoon Times)

Zawgyi Version

ဆိုရွယ္မီဒီယာေပၚမွာ video ေတြကေနတဆင့္ ကိုရီးယားဘာသာ စကားကို သင္ၾကားေပးေနတဲ့ ျမန္မာလူမ်ိဳး ကိုရီးယားဘာသာစကား ဆရာမေလး ခ်မ္းခ်မ္း(ခ်မ္းျမျမေသာ္)ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနစဥ္မွာ ေတာင္ကိုရီး ယားရဲ႕ ႐ုပ္သံအစီအစဥ္တစ္ခုမွာ ပါဝင္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြကို သတင္းစကားပါးခဲ့ရာမွ ပရိသတ္ေတြအမ်ား အျပားရရွိခဲ့ကာ ပရိသတ္အခ်စ္ေတာ္ ဆယ္လီ တစ္ဦးျဖစ္လာခဲ့ပါတယ္။

ယေန႕မွာ ေတာ့ သူမရဲ႕ Facebook စာမ်က္ႏွာမွာ အ ေရာင္တူ ၀တ္ထားတဲ့ ဓါတ္ပံုလွလွ ေလးေတြတင္ခဲ့ျပီး အ ေရာင္ေတြရဲ႕ အ ေၾကာင္းကို အနည္းငယ္ေရးသားထားပါတယ္။ သူမ ေရးသားထားတာက ေတာ့…

“ေလာကႀကီးထဲမွာ အေရာင္ မ်ိဳးစုံ ရွိၾကတယ္။ တစ္ခ်ိဳ႕ အေရာင္ေတြက အပူဓာတ္ကို ေဆာင္ၿပီး၊ တစ္ခ်ိဳ႕ အေရာင္ေတြကေတာ့ အေအးဓာတ္ကို ေဆာင္ၾကတယ္။ ဒါ့အျပင္ အျခား အေရာင္နဲ႔ ေပါင္းစပ္လိုက္မွ ပိုမို အေရအေသြးက်ၿပီး ေတာက္ပလာတဲ့ အေရာင္ေတြလည္း ရွိသလို၊ အျခား အေရာင္နဲ႔ ေပါင္းစပ္လိုက္မွ ပိုမို ေမွးမွိန္သြားတဲ့ အေရာင္ေတြလည္း ရွိၾကတယ္။

ေလာကႀကီးမွာ ေနထိုင္တဲ့အခါ မိမိရဲ့ ပင္ကိုယ္ အေရာင္အတိုင္းလည္း လွပေပမယ့္ မိမိရဲ့ ပင္ကိုယ္ အေရာင္ကို ပိုမို ႂကြေစမယ့္ အျခား အေရာင္ တစ္ခုခုကို ေရြးခ်ယ္ရတဲ့ အခါမ်ိဳး ရွိတတ္တယ္။ အေရာင္တိုင္းေတာ့ မိမိနဲ႔ မလိုက္ဖက္ေပမယ့္ လိုက္ဖက္ရာ အေရာင္ခ်င္း ေတြ႕တဲ့ အခါမွာေတာ့ လွပတဲ့ အေရာင္ တစ္ခု ေပၚထြက္လာစျမဲပါပဲ။ အေရာင္တူသူေတြနဲ႔ အိမ္မွာ တစ္ေန႔တာ” ဆိုျပီး ေရးသားထားတာေလးနဲ႕ ဓါတ္ပံုလွလွ ေလးေတြကို Rangoon Times ပရိသတ္ၾကီး ျပန္လည္ ခံစားႏိုင္ဖို႕ ျပန္လည္ မွ်ေ၀လိုက္ရပါတယ္။

Na Nge (Rangoon Times)