ပြည်သူချစ် အနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာဆိုရင် သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေ ရရှိထားတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကိုလည်းအပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ ဆိုရင် ကျရာဇာတ်ရုပ်တိုင်းကိုခံစားသက်ဝင်မှုအပြည့်နဲ့ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကိုလည်းထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်နော်။ မအူဝဲက လှပလွန်းတဲ့သူမရဲ့ရုပ်ရည်အသွင်မပြင်ဟာဆိုရင် အသက်အရွယ်တစ်ခုရောက်နေပေမယ့်လည်း နုပျိုလှပနေပြီး Fashion ပိုင်းမှာဆိုရင်လည်းFashion Queen လို့တောင်တင်စားခေါ်ဝေါ်လို့ရပါသေးတယ်နော်။
အကယ်ဒမီအနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ စုံတွဲလေးကဒိတ်ဒိတ်ကြဲ အောင်မြင်မှု တွေနဲ့ပရိတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့အပြင် သားသား၊ မီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်၊ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်က လတ်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူအမှန်တရားဘက်က ရပ်တည်ပေးခဲ့ပြီးလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး သူတို့ရဲ့နေအိမ်မှာဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။
ဒီကနေ့ ဇွန်လ (၂၇) ရက်နေ့က ပြည်သူချစ် အနုပညာရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ဖိုးဓီ(ပြေဓီရ)ရဲ့ (၆နှစ်) ပြည့်မွေးနေ့ လေးပဲ ဖြစ်ပါတယ်။
မိဘနှစ်ပါးလုံးဖမ်းဆီးခံထားရတာကြောင့်အနားမှာရှိနေမပေးနိုင်တဲ့အတွက် ဖိုးဓီလေးအားငယ်နေမှာ တော့အသေအချာပါပဲနော်။ ဒီကေန့မှာကျရောက်တဲ့ဖိုးဓီလေးရဲ့မွေးနေ့ကို မွေးနေ့လက်ဆောင်အဖြစ် ဖေဖေနဲ့မေမေအမြန်ဆုံးလွတ်မြောက်လာပြီး သားသားတို့နဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဖိုးဓီလေးရယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။
Credit:
Zawgyi Version
Credit: