ပရိသတ်တွေက “အခြည်” လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး နေခြည်ရွှန်းလက်ကို MRTV 4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အချစ်တွေကို ရရှိခဲ့သူလေးပါ။ MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ နှင်းနွေဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ နာမည်ကြီးကာ လူသိများလာခဲ့တာပဲဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က အသက် (၂၁) နှစ်သာရှိသေးပေမယ့် သူမရဲ့ ကြိုးစားမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီ ဖြစ်ပြီး အချစ်ရေး သတင်းတွေလည်း ထွက်လေ့မရှိပါဘူးနော်။
အခြည်လေးဟာ ပိန်သွယ်ကပ်ချပ်တဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်ရှည်ရှည်လေးကြောင့်လည်း အလှပေါ်အယဉ်ဆင့်ကာ ချစ်တဲ့သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြည်လေးက အားကစားတွေကို အဆက်မပြတ် လုပ်နေကာ အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ ရှိပါတယ်။
မကြာသေးခင် နာရီပိုင်းလောက် နေခြည်ရွှန်းလက်ရဲ့ Facebook Story မှာ လက်ရှိထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတစ်ခုကို ပြန်လည် ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ဒါကတော့ ခံဝန်ကတိထိုးပြီးပြီလို့ လာပြောနေကြသူများကို ဘာလက်မှတ်မှ မထိုးထားကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရုံလာမနောက်ကြဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ဒီအချိန်မှာ နေရာအတိအကျတင်ရင် ပြသနာရှိနိုင်တာမို့ အရေးတော်ပုံအောင်မှ သူမရဲ့ အခက်အခဲတွေကို ပြန်လည်ဝေမျှပေးသွားမယ့်အကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။
L-ကေတီ (WIP)
Zawgyi Version
ပရိသတ္ေတြက “အျခည္” လို႔ ခ်စ္စနိုးနဲ႔ေခၚၾကတဲ့ မင္းသမီးေလး ေနျခည္ရႊန္းလက္ကို MRTV 4 ဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္အခ်စ္ေတြကို ရရွိခဲ့သူေလးပါ။ MRTV 4ရဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “မ်က္လုံးမွာ အလြမ္း ႏႈတ္ခမ္းမွာ မာန”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ႏွင္းေႏြဆိုတဲ့ ေကာင္မေလးအျဖစ္နဲ႔ နာမည္ႀကီးကာ လူသိမ်ားလာခဲ့တာပဲျဖစ္ပါတယ္။ ေနျခည္ရႊန္းလက္က အသက္ (၂၁) ႏွစ္သာရွိေသးေပမယ့္ သူမရဲ့ ႀကိဳးစားမႈေၾကာင့္ အႏုပညာေလာကမွာ ေနရာတစ္ေနရာ အခိုင္အမာ ရရွိေနၿပီ ျဖစ္ၿပီး အခ်စ္ေရး သတင္းေတြလည္း ထြက္ေလ့မရွိပါဘူးေနာ္။
အျခည္ေလးဟာ ပိန္သြယ္ကပ္ခ်ပ္တဲ့ ခႏၵာကိုယ္ေလးကို ပိုင္ဆိုင္ထားၿပီး ဆံႏြယ္ရွည္ရွည္ေလးေၾကာင့္လည္း အလွေပၚအယဥ္ဆင့္ကာ ခ်စ္တဲ့သူေတြ ပိုမ်ားလာခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အျခည္ေလးက အားကစားေတြကို အဆက္မျပတ္ လုပ္ေနကာ အျမဲလိုလို သူမရဲ့ လႈပ္ရွားမႈေတြကို မၽွေဝေပးေလ့ ရွိပါတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ ေနျခည္ရႊန္းလက္ရဲ့ Facebook Story မွာ လက္ရွိထြက္ေပၚေနတဲ့ ေကာလဟာလ သတင္းတစ္ခုကို ျပန္လည္ ေျဖရွင္းထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ခံဝန္ကတိထိုးၿပီးၿပီလို႔ လာေျပာေနၾကသူမ်ားကို ဘာလက္မွတ္မွ မထိုးထားေၾကာင္းနဲ႔ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အာ႐ုံလာမေနာက္ၾကဖို႔ ေရးသားထားတာ ျဖစ္ပါတယ္။ဒီအခ်ိန္မွာ ေနရာအတိအက်တင္ရင္ ျပသနာရွိနိုင္တာမို႔ အေရးေတာ္ပုံေအာင္မွ သူမရဲ့ အခက္အခဲေတြကို ျပန္လည္ေဝမၽွေပးသြားမယ့္အေၾကာင္းကိုလည္း အခုလို ေရးသားထားတာ ျဖစ္ပါတယ္။
L-ေကတီ (WIP)