ပရိတ်သတ်တွေအတွက် သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့ diots ဂီတအဖွဲ့ကပင်တိုင် အဆိုတော်တစ်ဦးဖြစ်တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲရုတ်တရက် ယမန်နေ့ ဇွန် ၂၃ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။အခုလိုမျိုး ရုတ်တရက်ကွယ်လွန်သွားတဲ့ ရေမွန်အတွက် ပရိသတ်တွေကလည်း ဘယ်လိုမှမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုနဲ့ ရေမွန်ရဲ့ချစ်သူကတော့ အခုချိန်မှာ ဝမ်းနည်းနာကျင်ပြီး ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။
ရေမွန်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကို လူမှုကွန်ယက် စာမျက်နှာပေါ် တင်ပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင်တော့ ပိုင်ရှင်မဲ့သွားတဲ့ အိပ်ခန်းလေးနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုကြည့်ပြီး ပရိသတ်တွေက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ရေမွန်ရဲ့ အိပ်ခန်းလေးက သပ်သပ်ရပ်ရပ်ရှိပြီး အနုပညာတွေ ဖန်တီးတဲ့နေရာလေးဖြစ်လို့ နေချင်စဖွယ်ကောင်းလှပါတယ်။ ရေမွန်အသုံးပြုခဲ့တဲ့ အိပ်ခန်းလေးနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို အမှတ်တရအနေနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပရိတ်သတ်တွေကို ဘယ်တော့မှမေ့မရတော့မယ့် သီချင်းတွေနဲ့ ချန်ထားခဲ့တဲ့ ကိုတွတ်ပီလို့ အများကခေါ်ကြတဲ့ အဆိုတော်ရေမွန်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူပါတော့နော်..။ နောက်ဘဝများရှိခဲ့ရင်လည်း အခုလိုပရိတ်သတ်အချစ်တွေခံယူနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
L-ကေတီ
Photo Credit: Original Uploder
Zawgyi Version
L-ကတေီ