ဆရာဝန်မလေးတစ်ယော က်ဖြစ်သလို ပြည်သူချစ် မင်းသမီး တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အသက်သုံးဆယ်အရွယ်မှာတော့ အကယ်ဒမီဆုကြီးတစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ လက်ထပ်ထားတဲ့ ပိုင်ဖြိုးသု ကို အနုပညာအသိုင်းဝိုင်းက သုသု လို့လည်းချစ်စနိုးခေါ်ကြပါ သေးတယ်။
ူသူတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီး လမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။
အနုပညာလော ကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက် ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါ။
ယခုလည်း ပိုင်ဖြိုးသုက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ Facebook မှာ ယခုကဲ့သို့ ပေါက်ကွဲထွက်လာတဲ့ ခံစားချက်ကို ရေးသားထားတာပါ။
“ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်…လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား ….မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား…. အလုပ်တွေပြန်လုပ်ရမယ်တဲ့လား…. တချို့တွေအသက်တွေပေးသွားကြပြီ… တချိူ့တွေ ထောင်ထဲရောက်ကုန်ကြပြီ…. တချိူ့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ….
သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး … မိသားစုနဲ့လည်းကွဲကွာ ကုန်ကြပြီ…. သူတို့ချစ်တဲ့အလုပ်တွေလည်းလုပ်ခွင့်မရကြတော့ဘူး….
အဲဒီ့လူတွေကိုငါရှက်တယ်…. အဖြစ်မရှိသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ… သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ်မခံပါရစေနဲ့…. အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး!” ဆိုပြီး ရေးသား ပေါက်ကွဲ ထွက်လာတာလေးကို ပရိသတ်ကြီးအား ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ Rangoon Times ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပ ါတယ်။
Na Nge (Rangoon Time)
Zawgyi Version
“ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်…လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား ….မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား…. အလုပ်တွေပြန်လုပ်ရမယ်တဲ့လား…. တချို့တွေအသက်တွေပေးသွားကြပြီ… တချို့တွေ ထောင်ထဲရောက်ကုန်ကြပြီ…. တချို့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ….
Na Nge (Rangoon Times)