မန္တလေးဖြစ်စဉ် အရေးကြီး သတင်းစီးဆင်းမှု့ အနှောက်အယှက် မဖြစ်စေရန်အတွက် အလှူlive လွှင့် စျေးရောင်းတာကို ဖျက်သိမ်းလိုက်တဲ့ သဥ္ဇာနွယ်ဝင်း

Posted on

မိသားစုနဲ့အတူ ကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဥ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ စကားသံ ဝဲဝဲလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အရင်ကလောက် အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲပါပဲနော်။

ယနေ့ဇွန်လ (၂၂)ရက်နေ့မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက PDF ရုံးကို ဝင်စီးရင်း မန္တလေးPDF တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။ သဥ္ဇာနွယ်ဝင်းကတော့ ယခုမှာ အရေးကြီးတဲ့ မန္တလေး PDF သတင်းစီးဆင်းမှု အနှောက်အယှက်မဖြစ်စေဖို့အတွက် ယနေ့ညနေပြုလုပ်မယ့် Live လွှင့်ပြီးစျေးရောင်းတာကို ရပ်နားလိုက်ပါတယ်။

ထိုကဲ့သို့ ရပ်နားမည့် အကြောင်းကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ယခုကဲ့သို့ ရေးသားထားပါတယ် ” အရေးကြီးသတင်းစီးဆင်းမှု့ အနှောက်အယှက် မဖြစ်စေရန်အတွက် အလှူliveလေးဒီညနေ မလုပ်ဖြစ်ပါဘူးရှင့်။ အလှူပြန်လုပ်မဲ့နေ့ ပြန်ပြီးပြောပေးပါမယ်နော်။ အားလုံးအန္တရာယ် ကင်းဝေးကြပါစေ🙏🏻🙏🏻🙏🏻
လက်ခံထားတဲ့အလှူတွေကို နောက်မှပြန်လုပ်ပေးပါမယ်ရှင့်။” ဆိုပြီး ရေးသားထားတာလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Na Nge (Rangoon Times)

Zawgyi Version

မိသားစုနဲ႔အတူ ၾကည္ၾကည္ႏူးႏူးေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ေနသူကေတာ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး သဥၨာႏြယ္ဝင္းပဲ ျဖစ္ပါတယ္။ သူမရဲ့ စကားသံ ဝဲဝဲေလးေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ မင္းသမီးေလးအျဖစ္ ရပ္တည္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အရင္ကေလာက္ အႏုပညာလႈပ္ရွားမႈေတြ မလုပ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ခ်စ္ခင္အားေပးေနၾကဆဲပါပဲေနာ္။

ယေန႔ဇြန္လ (၂၂)ရက္ေန႔မနက္ပိုင္းက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြဟာ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲက PDF ႐ုံးကို ဝင္စီးရင္း မႏၲေလးPDF တပ္ဖြဲ႕ဝင္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္ခဲ့ၾကပါတယ္။ သဥၨာႏြယ္ဝင္းကေတာ့ ယခုမွာ အေရးႀကီးတဲ့ မႏၲေလး PDF သတင္းစီးဆင္းမႈ အေႏွာက္အယွက္မျဖစ္ေစဖို႔အတြက္ ယေန႕ညေနျပဳလုပ္မယ့္ Live လႊင့္ၿပီးေစ်းေရာင္းတာကို ရပ္နားလိုက္ပါတယ္။

ထိုကဲ့သုိ႕ ရပ္နားမည့္ အေၾကာင္းကို သူမရဲ႕ လူမႈကြႏ္ယက္စာမ်က္ႏွာမွာ ယခုကဲ့သို႕ ေရးသားထားပါတယ္ ” အေရးႀကီးသတင္းစီးဆင္းမႈ႔ အေႏွာက္အယွက္ မျဖစ္ေစရန္အတြက္ အလႉliveေလးဒီညေန မလုပ္ျဖစ္ပါဘူးရွင့္။ အလႉျပန္လုပ္မဲ့ေန႔ ျပန္ၿပီးေျပာေပးပါမယ္ေနာ္။ အားလုံးအႏၲရာယ္ ကင္းေဝးၾကပါေစ🙏🏻🙏🏻🙏🏻
လက္ခံထားတဲ့အလႉေတြကို ေနာက္မွျပန္လုပ္ေပးပါမယ္ရွင့္။” ဆိုျပီး ေရးသားထားတာေလးကို ပရိသတ္ေတြအတြက္ ျပန္လည္မၽွေ၀ ေပးလိုက္ပါတယ္။

Na Nge (Rangoon Times)