“အစားသောက်တွေ တင်လို့ စိတ်မဆိုးပါနဲ့ နော်” ဟု ဆိုကာ အစားသောက်ပုံတွေ တင်လိုက်တဲ့ ခြူးလေး

Posted on

မည်သည့် ဇာတ်ရုပ်ကို မဆိုအ ကောင်းဆုံးသရုုပ်ဆောင်နိုင်သလို သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ခြူးလေးရဲ့ပရိသတ် တွေ ရှိလိမ့်မယ်လို့ထင်ပါတယ်။

သူမဟာ MRTV 4 ဇာတ်လမ်းတွဲ တွေ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီး တစ်တော့ မှာလည်း ဘယ်ဇာတ်ရုပ်ကို မဆို အကောင်းဆုံး ပီပြင်အောင် ဆော့ကစား နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်သူ တစ်ယောက်ပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မွေးဖားခဲ့တဲ့ ရခိုင်မလေး ခြူးလေးကို ခြူးခြူးလို့လည်း ချစ်စနိုးနဲ့ ခေါ်ကြပါသေးတယ်။ သူမက အစားအ သောက်ဆိုရင် စပ်တဲ့ အစားအစာတွေကို ကြိုက်တယ်လို့ ဆိုထားတဲ့ ခြူးလေးဟာ မ နေ့က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ” အစားသောက်တွေ တင်လို့ စိတ်မဆိုးပါနဲ့ နော် …. နယ်ကနေ တကူးတက လှမ်း မှာပြီး ပို့ပေးတဲ့ ချန်ဖူးလေးကို ကျေးဇူးတင်လို့ပါ ရှင့် … တကယ် အရသာ ရှိတယ် …” ဆိုပြီး အစားအသောက် ပုံများနှင့်တွဲ ကာ ပိုစ့်တင်ထားခဲ့ တာကို ပရိသတ်ကြီးပါ စားချင် သောက်ချင်စိတ်ဖြစ်သွားအောင် ဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။

Na Nge

Zawgyi Version

မည်သည့် ဇာတ်ရုပ်ကို မဆို အ ကောင်းဆုံးသရုပ်ဆောင်နိုင်သလို သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ခြူးလေးရဲ့ပရိသတ် တွေ ရှိလိမ့်မယ်လို့ထင်ပါတယ်။



Na Nge