ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေ ကတော့ အနုပညာ လောကမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ဆောင်းဝတ်ရည်မေကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့လေးအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အဖေအတွက် ရည်ရွယ်ပြီး ဆုတောင်းစကားလေးဆိုလာခဲ့ပါတယ်။
“Happy Father’s Day ပါ ဖေကြီး ” ဆိုပြီး သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာကနေပြီးတော့ ဖော်ပြလာခဲ့ပြီး သူ့ရဲ့ဖခင်နဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုပါ အမှတ်တရအနေနဲ့ တင်ထားခဲ့ပါသေးတယ်။
ဒါ့အပြင် ဆောင်းဝတ်ရည်မေက သူ့ရဲ့အဖေအတွက် အဖေများနေ့အမှတ်တရ ဆုတောင်း လေးအပြင် ကမ္ဘာပေါ်မှာ ရှိသမျှအဖေတွေအတွက်လည်း အဖေများနေ့မှာ အဖေတွေအားလုံးပျော်ရွှင်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးထားပါသေးတယ်။
Zawgyi Version