ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနုပညာရှင် တော်တော်များက ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့ကြပါတယ်။ဘယ်လို အခြေအနေတွေ ပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက အရင်ထက် ပိုပြီးလေးစား အချစ်ပိုခဲ့ကြပါတယ်။

လှုပ်ရှားမှုတွေဆိုရင်လည်း အစွမ်း ကုန်ပါဝင် ခဲ့တာကြောင့် (၅၀၅-က) နဲ့ တရားစွဲဆို ခံထားရသူတွေလည်းရှိသလို ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေလည်း ရှိနေခဲ့ပါတယ်။

ဇွန်လ (၁၉) ရင်နေ့လေးကတော့ မြန်မာနိုင်ငံသားတွေ လေးစားချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့ဖြစ်ရာ ပန်းလေးတွေကို တယုတယအမြဲ ဆင်မြန်းတတ်တဲ့ သူမအတွက် အမှတ်တရ အနေနဲ့ ပန်း သပိတ်လေးကို ပြည်သူတွေ ဆင်နွှဲခဲ့ကြပါတယ်။

ဒီသပိတ်လေးကို ပြည်သူပြည်သား လူတန်းစားမျိုးစုံ ပါဝင်ဆင်နွှဲကြသလို အနုပညာရှင်တွေများစွာကလည်း ပါဝင်ခဲ့ကြပါတယ်။

မင်းသားတွေဆိုရင်လည်း အမျိုး သားတွေ ဖြစ်ပေမယ့် ပန်းလေးကိုတော့ နားနောက်မှာ ပန်ကာ ပါဝင်ခဲ့ကြပါတယ်။ ပရိသတ်ကြီးအတွက် ပန်းသပိတ်မှာ ပါဝင် ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Zawgyi Version





img src=”http://worldinfopost.com/wp-content/uploads/2021/06/202981304_4180501702035096_486851226225712774_n.jpg” alt=”” width=”720″ height=”960″ class=”aligncenter size-full wp-image-1841″ />
