ထိပ်ထားလေးကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေပြီး လူသန်းပေါင်းများစွာရဲ့အချစ်တွေမေတ္တာတွေရရှိနေကာ
အသက်၆ နှစ်နဲ့ တနိုင်ငံလုံးကချစ်တဲ့ မြန်မာနိုင်ငံရဲ့ အသက် အငယ်ဆုံး အနုပညာရှင်ရှင် cele လေးပဲ ဖြစ်ပါတယ်။
တဖက်တလမ်းကလဲ မိဘကိုထောက်ပံ့နိုင်ပြီး တကယ့်ကိုပါရမီရှင်လေးတစ်ဦး ဖြစ်ကာ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်သူလေး လေးဖြစ်ပါတယ်။ တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီဖြစ်ကာ ပရိသတ်တွေလည်းအခိုင်မာရရှိထားတာပါ။
ဒီနေ့မှာလည်း ပန်းလေးတွေကို ခေါင်းမှာ ပန်ဆင်ရင်း ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ မျိုးစုံပေးကာ အသည်းယားစရာ ကောင်းလွန်းနေခဲ့ပါတယ်။ အသက်ငယ်ပေမယ့် အရွယ်လေးနဲ့မလိုက်အောင် အိုက်တင်လေးတွေ မျိုးစုံပေးတတ်နေတာလည်း သူရဲ့ အနုပညာ ပါရမီလို့ ဆိုရမှာပါပဲ။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်သူလေးရဲ့ ချစ်စရာ ပုံရိပ်လေးတွေ ကို ပရိသတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်။
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)