သရုပ်ဆောင်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ ပရိသတ်တွေရဲ့အချစ်တော် ဆောင်းယွန်းစံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။ မကြာသေးခင်အချိန်က ဆောင်းယွန်းက စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများကို စေတနာရှင်များနဲ့ စုပေါင်းကာ အလှူ အတန်းတွေ ပြုလုပ်နေခဲ့တာ ပဲဖြစ်ပါတယ်။
လတ်တလောမှာ မီးဘေးသင့်ခဲ့တဲ့ ရွာတွေအတွက် လိုအပ်တာတွေကို လှူဒါန်းပေးလိုက်ပါတယ်။ မီးဘေးဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံတွေခဲ့ရတဲ့ ပြည်သူတွေ အတွက် လိုအပ်တဲ့ အဝတ်အထည်တွေ စားစရာတွေနဲ့ စောင်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အခုတစ်ခါက်မှာလည်း မီးဘေးသင့်ပြည်သူတွေအတွက်နဲ့အတူ စစ်ဘေးရှောင်တွေအတွက် မိုးကာများ အဝတ်အထည်များ စောင်များ စားစရာများကိုလည်း ထပ်မံပြီးတော့လှူဒါန်းခဲ့ပါသေးတယ်။အခုလိုလှူဒါန်းမှုမှာ ပါဝင်ပေးကြတဲ့ အလှူရှင် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းလည်း ဆောင်းယွန်းစံကဖော်ပြထားခဲ့ပါသေးတယ်။
ဒါ့အပြင် သူအပါအဝင် အလှူရှင်တွေအားလုံးက စေတနာမေတ္တာအပြည့်နဲ့လှူဒါန်းပေးတာကြောင့် အလှူပစ္စည်းတွေက လှူဒါန်းတဲ့ နေရာတွေကို အခက်အခဲမရှိ သေသေချာချာလေး ရောက်ရှိပါစေလို့လည်း တောင်းဆုပြုထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဆောင်းယွန်းစံနဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Na Nge (Rangoon Times)
Zawgyi Version
Na Nge (Rangoon Times)