ခိုကိုးရာမဲ့ သားတွေ သမီးတွေ အတွက် ဂေဟာအသစ်လေးတည်ဆောက် တာ အထ မြောက်နေပြီမို့ ဝမ်းသာကြည်နူး နေတဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေသူတစ်ယောက်ပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။

မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက် စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။ ယခုလည်း ခိုင်နှင်းဝေက သူခေါ်ယူစောင့်ရှောက်ထားတဲ့ မိဘမဲ့ ခိုးကိုးရာမဲ့ လူမမယ် ကလေးငယ်လေးတွေ နေထိုင်ဖို့အတွက် အဆောက်အအုံ အသစ်ကြီး တစ်ဆောင် ဆောက်လုပ်ပေးနေခဲ့တာဖြစ်ပြီး အဆောက်အအုံ အသစ်လေးတည်ဆောက်မှုက တော်တော်လေး အကောင်အထည်ပေါ်နေပြီမို့ ကြည်နူး ပီတိဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

မိဘမေတ္တာငတ်နေတဲ့ ကလေးလေးတွေ အတွက်ကတော့ ခိုင်နှင်းဝေရဲ့ မိဘမဲ့ကလေးဂေဟာလေးက တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတစ်ခုပါ။ ခိုင်နှင်းဝေက ကြည်နူးပီတိဖြစ်နေတဲ့ အကြောင်းကို “ကလေးတွေ ဂေဟာ အသစ် အတွက် ကြွေပြားတွေ သွားရွေးခဲ့ပါတယ်။

ခိုကိုးရာမဲ့ သားတွေ သမီးတွေ အတွက် အရိပ်လေး တစ်ခု အကောင်အထည်ပေါ် လာတော့မှာ စဉ်းစားရင်း ကလေးတွေ ကိုယ်စား ဝမ်းသာမိပါတယ်ရှင်” ဆိုပြီး ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ကလေးတွေအတွက်လည်း တကယ် ပီတိဖြစ်စရာကောင်းလှတာမို့ ဒီခိုင်နှင်းဝေ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Na Nge (Rangoon Times)

Zawgyi Version

ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားထားကာ ပရဟိတအလုပ္ေတြကိုပဲ တစိုက္မတ္မတ္ လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ရတဲ့ ကေလးငယ္ေတြကို လက္လွမ္းမွီသေလာက္ ကူညီေစာင့္ေရွာက္ေပးေနတဲ့ ခိုင္ႏွင္းေဝဟာ အမ်ားက ေလးစား အခ်စ္ပိုေနရတဲ့ မင္းသမီး တစ္ေယာက္လည္း ျဖစ္ပါတယ္။

မိဘမဲ့ ကေလးေလးေတြအတြက္လည္း မိခင္အရင္းသဖြယ္ ခ်စ္ျခင္းေမတၱာေတြနဲ႔ စြမ္းသေလာက္ ေစာင့္ေရွာက္မႈေတြေပးခဲ့ပါတယ္။ ယခုလည္း ခိုင္ႏွင္းေဝက သူေခၚယူေစာင့္ေရွာက္ထားတဲ့ မိဘမဲ့ ခိုးကိုးရာမဲ့ လူမမယ္ ကေလးငယ္ေလးေတြ ေနထိုင္ဖို႔အတြက္ အေဆာက္အအုံ အသစ္ႀကီး တစ္ေဆာင္ ေဆာက္လုပ္ေပးေနခဲ့တာျဖစ္ၿပီး အေဆာက္အအုံ အသစ္ေလးတည္ေဆာက္မႈက ေတာ္ေတာ္ေလး အေကာင္အထည္ေပၚေနၿပီမို႔ ၾကည္ႏူး ပီတိျဖစ္ေနခဲ့တာပဲျဖစ္ပါတယ္။

မိဘေမတၱာငတ္ေနတဲ့ ကေလးေလးေတြ အတြက္ကေတာ့ ခိုင္ႏွင္းေဝရဲ့ မိဘမဲ့ကေလးေဂဟာေလးက တန္ဖိုးမျဖတ္နိုင္တဲ့ ေနရာေလးတစ္ခုပါ။ ခိုင္ႏွင္းေဝက ၾကည္ႏူးပီတိျဖစ္ေနတဲ့ အေၾကာင္းကို “ကေလးေတြ ေဂဟာ အသစ္ အတြက္ ေႂကြျပားေတြ သြားေရြးခဲ့ပါတယ္။

ခိုကိုးရာမဲ့ သားေတြ သမီးေတြ အတြက္ အရိပ္ေလး တစ္ခု အေကာင္အထည္ေပၚ လာေတာ့မွာ စဥ္းစားရင္း ကေလးေတြ ကိုယ္စား ဝမ္းသာမိပါတယ္ရွင္” ဆိုၿပီး ေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။ ကေလးေတြအတြက္လည္း တကယ္ ပီတိျဖစ္စရာေကာင္းလွတာမို႔ ဒီခိုင္ႏွင္းေဝ ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပထားတာေလးကို ျပန္လည္မၽွေဝ ေပးလိုက္ပါတယ္။

Na Nge (Rangoon Times)