ပရိသတ်ကြီးရေ မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်တွေရဲ့ရင်ထဲကို ထိရောက်စွာဆွဲဆောင်နိုင်ခဲ့ တာကတော့ ခီမောင်နှံတို့ပဲ ဖြစ်ပါတယ်။ ခရစ်စတီးနားခီကတော့ ခင်ပွန်းဖြစ်သူကို မင်းသားအဖြစ် တင်ရိုက်ပြီး ကိုယ်တိုင်က ဒါရိုက်တာလုပ်ပြီး ထက်မြက်တဲ့ အိမ်ရှင်မကောင်းပဲ ဖြစ်ပါတယ်။ ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံကတော့ ရုပ်ရှင်ကား အနည်းငယ်နဲ့တင် မတူကွဲပြားစွာ ထိုးဖောက် နိုင်တာကြောင့် သူတို့ရဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေစောင့်မျှော်နေကြတာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီနဲ့မိသားစု ဟာ နေအိမ်အကျယ်ချုပ် ရက်ပေါင်း ( ၄၀) ကျော်ခန့် ထိန်းသိမ်း စစ်ဆေးခံရပြီးတဲ့နောက် မှာ လွတ်မြောက်သွားပြီလို့ သရုပ်ဆောင် ဇဏ်ခီနဲ့ နီးစပ်တဲ့ရန်ကုန်မြို့က သူ့ရဲ့မိတ်ဆွေတွေက BBC ကိုအတည်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေပါတယ်။
သရုပ်ဆောင် ဇဏ်ခီကတော့ ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသခွင့် မရတဲ့သူ့ရဲ့ နဂိုရောဂါအခံဖြစ်တဲ့ အရိုးအကြောရောဂါက ပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ဇဏ်ခီနဲ့မိသားစု ဟာ ပြီးခဲ့တဲ့ ဧပြီ (၁၇) ရက်မှာ ပြည်ပထွက်ခွာ ဖို့ ရန်ကုန်လေဆိပ်မှာ လိုအပ်တဲ့ စစ်ဆေးမှု ခံယူနေစဉ် ထိန်းသိမ်းခံခဲ့ရ တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာထွက်ပေါ်လာတဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံ သတင်းကောင်းလေးကြောင့် ပရိသတ်လေးလည်း ပျော်ရွှင်ကြမယ်လို့ ယူဆမိသလို ပျော်ရွှင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ် နော်။ ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။
Zawgyi Version