အဝေးကြီးကနေ ရန်ကုန်ထိ ခက်ခက်ခဲခဲ လာရတဲ့ မသန်စွမ်းသူလေးကို ခြေတုလေး ဖန်ဆင်း ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေ ကတော့ ပရဟိတ လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ကလေးတွေရဲ့ အနာဂတ် အတွက်လည်း အများကြီး ကြိုးစားသလို လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေလည်း လုပ်တတ်တာမို့ သူမကို ချစ်ခင်အာ းပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

ဒီလိုကာလတွေမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင် သွားရောက်ကာ ကူညီ လှူဒါန်းမှုတွေကို တောက်လျှောက် လုပ်ပေးနေတာ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ကာ မွေးစား ခဲ့ပါသေးတယ်။

ဒီလို မွန်မြတ်တဲ့ အရာတွေကို နေ့စဉ်တိုင်း တစ်ခု မဟုတ်တစ်ခုပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း (၁၈) ယောက်မြောက် ခြေတု အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ် ။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” (၁၈) ယောက်မြောက် ခြေတု အလှုလေးပါရှင်..ဧရာဝတီတိုင်း မော်ကျွန်းမြို့ဘက်ကပါ..အဝေးကြီးကနေ ရန်ကုန်ထိ တက်လာပြီး ခက်ခက်ခဲခဲ လာလုပ်ရပေမဲ့ အဆင်ပြေပြေ လုပ်လို့ရတဲ့သွား တဲ့ အတွက် ညီမလေး အစား ဝမ်းသာမိပါတယ်..ယခုလို လိုအပ်နေသော ခြေတုလေးအား “ထာဝရ “ကုသိုလ် အဖြစ် ခုနှစ်ရက် သားသမီးများ ကိုယ်စား လှူဒါန်းဖြစ်ပါတယ်..ဤ ကုသိုလ်အား ထပ်တူ ရရှိကြပါစေရှင်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ဒီထက်မက ကူညီလှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version

ခိုင္ႏွင္းေဝ ကေတာ့ ပရဟိတ လုပ္ငန္းေတြကို ကိုယ္က်ိဳးစြန႔္ကာ ျပဳလုပ္ေနခဲ့တာကို ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါေနာ္။ ကေလးေတြရဲ့ အနာဂတ္ အတြက္လည္း အမ်ားႀကီး ႀကိဳးစားသလို လိုအပ္တဲ့ ေနရာေတြမွာလည္း ကူညီေပးတဲ့အျပင္ ပရဟိတေလးေတြလည္း လုပ္တတ္တာမို႔ သူမကို ခ်စ္ခင္အာ းေပးတဲ့ ပရိသတ္ေတြ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

ဒီလိုကာလေတြမွာလည္း အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြဆီကို ကိုယ္တိုင္ သြားေရာက္ကာ ကူညီ လႉဒါန္းမႈေတြကို ေတာက္ေလၽွာက္ လုပ္ေပးေနတာ လည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဒီရက္ပိုင္းေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေလးေတြကိုလည္း ေခၚယူေစာင့္ေရွာက္ကာ ေမြးစား ခဲ့ပါေသးတယ္။

ဒီလို မြန္ျမတ္တဲ့ အရာေတြကို ေန႔စဥ္တိုင္း တစ္ခု မဟုတ္တစ္ခုျပဳလုပ္လ်က္ရွိတဲ့ ခိုင္ႏွင္းေဝကေတာ့ ဒီေန႔မွာလည္း (၁၈) ေယာက္ေျမာက္ ေျခတု အလႉေလး တစ္ခုကို ျပဳလုပ္ခဲ့ျပန္ပါတယ္ ။ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” (၁၈) ေယာက္ေျမာက္ ေျခတု အလႈေလးပါရွင္..ဧရာဝတီတိုင္း ေမာ္ကၽြန္းၿမိဳ႕ဘက္ကပါ..အေဝးႀကီးကေန ရန္ကုန္ထိ တက္လာၿပီး ခက္ခက္ခဲခဲ လာလုပ္ရေပမဲ့ အဆင္ေျပေၿပ လုပ္လို႔ရတဲ့သြား တဲ့ အတြက္ ညီမေလး အစား ဝမ္းသာမိပါတယ္..ယခုလို လိုအပ္ေနေသာ ေျခတုေလးအား “ထာဝရ “ကုသိုလ္ အျဖစ္ ခုႏွစ္ရက္ သားသမီးမ်ား ကိုယ္စား လႉဒါန္းျဖစ္ပါတယ္..ဤ ကုသိုလ္အား ထပ္တူ ရရွိၾကပါေစရွင္..” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း ဒီထက္မက ကူညီလႉဒါန္းနိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္။