ဆယ်လီမလေး ဖြူဖြူထွေး ကတော့ အနုပညာ နယ်ပယ်မှာ အချိန်အတိုတွင်း အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားခဲ့ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာတွေများစွာနဲ့ ဗီဒီယို ဇာတ်ကားတွေကို လက်ခံရိုက်ကူးခဲ့ရတာ လည်းတွေ့ရပါတယ်။
မိဘကိုလည်း သိတတ်ပြီး ကျွေးမွေးပြုစုနေတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာပါ။ ဒါ့အပြင် သူမက သူတစ်ပါးကိုလည်း အမြဲကူညီတတ်ပြီး သူမရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းပေးတဲ့ သူလေးလည်း ဖြစ်ပါတယ်။
မကြာခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ သင်္ကြန်တွင်း ကာလတစ်လျှောက်လုံး သူမ နေထိုင်တဲ့ မွေးရပ်မြေ ရွာလေးမှာ နေ့ရက်တိုင်း စတုဒိသာ အလှူလေး ပြုလုပ်ဖြစ်ခဲ့တဲ့ Video လေးကို အမှတ်တရ ပြန်လည်ဖော်ပြလာပါတယ်။
ဒါ့အပြင် ကောမန့်လေးမှာလည်း ” သင်္ကြန်တုန်းက လှူခဲ့တယ် အလှူလေး ဒီအလှူလေးတွေကျ တင်လို့ရလို့ တင်လိုက်တာပါ တင်လို့မရတဲ့ နောက်ကွယ်က အလှူတွေ မတင်တာတော့ ကွကိုယ် ပြန်ချုပ်သလိုဖြစ်နေမှာဆိုလို့ပါ နားလည်းပေးပါ ” ရေးသားထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ အလှူဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ္။