တစ်အိမ်ထဲနေပြီး အေမကို အရမ်းချစ်ကြောင်း စာတွေပို့ထားတဲ့သားလေးကိုကြည့်ပြီး သဲသဲလှုပ်အောင်ချစ်နေရတဲ့ မေမေနှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိတ်ကြီးရေ… ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ် ဟာဆိုရင် အနုပညာလောကမှာ ပရိတ်သတ်ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်နော်။ သူမဟာဆိုရင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အတွက် ပရိတ်သတ်အချုင်အမာရရှိထားတာပဲဖြစ်ပါတယ်။နှိုင်းယှဉ်က လူချစ်လူခင်ပေါရုံတင်မကပဲ အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲလှူဒါန်းတတ်တဲ့သူမရဲ့စိတ်ဓာတ်လေးကို အားလုံးက ချစ်ခင်လေးစားနေကြတာပဲဖြဟ်ပါတယ်နော်။

နှိုင်းယှဉ်က လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူလူထုလှုပ်ရှားမှုမှာပါဝင်လှုပ်ရှားခဲ့ရုံတင်မကပဲ သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း Speak Out လုပ်ပေးနေတာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်က သူမရဲ့ခံစားချက်တွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပွင့်ပွင့်လင်းလင်းအမြဲမျှဝေပေးနေတာလည်းဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်တော့ နှိုင်းယှဉ်က သူမရဲ့အရမ်းချစ်ရတဲ့သားလေးက ညအိမ်ခါနီးအချိန်မှာတောင် သူမကို တစ်အိမ်ထဲနေပြီး အိမ်ရှေ့နဲ့အခန်းထဲကို စာပို့ကာ သူမကိုအရမ်းချစ်ကြောင်းပြောလာတဲ့အတွက် ဝမ်းသာပျော်ရွှင်နေကြောင်း ပရိတ်သတ်ကို အခုလိုပဲရင် ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်။

နှိုင်းယှဉ်က ” ညကအိပ်ခါနီး အိမ်ရှေ့နဲ့အခန်းထဲ အမေကို စာပို့ထားတာတဲ့ 😁” ဆိုပြီး သားလေးပို့ထားတဲ့စာလေးနဲ့တကွပရိတ်သတ်ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။သားလေးသုသုရဲ့အမေကိုအရမ်းချစ်တတ်တဲ့ပုံလေးကိုကြည့်ပြီး ပရိတ်သတ်တွေကလည်း ဝမ်းသာချီးကျူးနေကြတာပဲဖြစ်ပါတယ်နော်။ ဒီလိုသာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ နှိုင်းယှဉ်ကို ပရိတ်သတ်တွေက အားကျနေကြတာပဲဖြစ်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်။

Zawgyi Version


