ပြန်လည် လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော် အေသင်ချိုဆွေ

Posted on

၅၀၅ ကနဲ့အမှု့ဖွင့်ထားတဲ့ အဆိုတော် အေသင်ချိုဆွေ ကို မေလ၂၃ ရက်ညပိုင်းက ပဲလှိုင်(၁၂)ရပ်ကွက်အောင်ဓမ္မရိပ်သာလမ်း ရှိုင်းကွန်ဒိုမှာဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ပြန်လည်လွတ်မြောက်လာပြီလို့ ညီမဖြစ်သူ မေသင်ချိုဆွေက သူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ရိသတ်တွေရဲ့ အချစ်တော်လေး အေသင်ချိုဆွေကတော့ အောင်မြင် ခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို ယနေအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အဆွေးသီချင်းလေးတွေ အမိုက်စားသီချင်းလေးတွေဟာလည်း ပရိသတ်တွေကြား အတော်လေးကိုရေပန်းစားခဲ့ပါတယ်။

အေသင်က မြန်မာနိုင်ငံမှာ ရုတ် တရက်ပြောင်းလဲခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း သူမကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ ။မေလ (၂၃)ရက်နေ့ မှာတော့ သူမကို လာရောက်ဖမ်းဆီးသွားကြတယ်ဆိုတဲ့ သတင်းတွေပြန့်နှံ့ခဲ့ပြီး အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။

ယနေ့ ဇွန်လ (၁၁) ရက်နေ့မှာတော့ အေသင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တာကြောင့် မိသားစုတွေ အားလုံးက ဝမ်းသာနေကြတာပါ။ အေသင် အိမ်ပြန်ရောက်ပြီဖြစ်တဲ့ သတင်းလေးကိုလည်း မိခင်ဖြစ်သူက ” ချစ်တဲ့ပရိတ်သတ်အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာ ပြည့်ဝခဲ့ပါပြီ …

သမီး အေသင်ချိုဆွေ အိမ်ပြန်ရောက်ပြီး Ivy လေးနဲ့အမေ့အိမ်မှာ အတူရှိနေပါပြီ… ဆုတောင်းပေးကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါရစေရှင့်.. မေမေဆွေ ” ရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သတင်းကောင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ စာကြွင်း – အဓိကလွတ်လာရတဲ့ အ ကြောင်းအရင်းသည် အွန်လိုင်းမှာ ဖွနေသလို လဒ်ထိုးပြီးထက်လာတာတို့ဘာတို့ စတဲ့ဖွသတင်းဟာလုံးဝမဟုတ်ပါဘူး.. ငွေကြေးကိစ္စလုံးဝ မကုန် မပေးရပါကြောင်း… ပေးစရာလဲမရှိပါကြောင်း..