လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး အခက်အခဲဖြစ်နေတဲ့ ကလေးမိခင်တွေအတွက် နည်းလမ်းကောင်း တစ်ခုနဲ့ အလှူလုပ်ပေးမယ့် သဥ္ဇာနွယ်ဝင်း

Posted on

ခုချိန်ထိ ကလေး ၂ ယောက် အမေလို့ ထင်ရက် စရာမရှိလောက်အောင် နုပျိုလှပနေတဲ့အပြင် ကလေးနှစ်ယောက်ကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရုံသာမကဘဲ ဇနီးကောင်းတစ်ယောက်ရဲ့ ဝတ္တရားကိုလည်း ကျေပွန်မှုတို့ကြောင့် အားလုံးက အားကျနေရ တဲ့သာယာပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။

သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင် စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့ သမီးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး ချစ်စရာကောင်းလာတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါနော် ။

ဒီနေ့မှာတော့ လုပ်ငန်းရှင်တွေနဲ့ပေါင်းကာ အခက်အခဲဖြစ်နေတဲ့ ကလေးမိခင်တွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးနဲ့ အလှူလေးတစ်ခုကို ပြုလုပ်မယ့်အကြောင်းကို ရေးသားဖော်ပြလာပါတယ် ။

ဒါလေးကတော့ ” သဉ္ဇာနဲ့အတူအလှူတွဲလုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်ရှင်။ သဉ္ဇာlive တစ်ခုစီကို ကုန်ပစ္စည်းတစ်မျိုးထဲအတွက် သီးသန့်လေးreviewလုပ်ပေးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ကတော့ သဉ္ဇာ့ကို အနုပညာကြေးပေးစရာမလိုပဲ ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲအလှူလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကုန်ပစ္စည်းက နေ့စဉ်လိုအပ်ချက်အနေနဲ့သုံးတဲ့ပစ္စည်းနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ပစ္စည်းများကိုပဲ liveလုပ်ပေးပါမယ်ရှင်။ လိုအပ်တဲ့အလှူခံမဲ့သူတိုင်း liveရဲ့ commentမှာအလှူခံနိုင်ပြီး တစ်ခါထဲလှူပေးသွားမှာဖြစ်ပါတယ်ရှင်။ လုပ်ငန်းအကြီးအသေးမရွှေးပဲ အလှူလေးဖြစ်အောင်လုပ်ချင်တာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ chat boxကနေဆက်သွယ်လို့ရပါတယ်နော် ” ဆိုတဲ့ အ ကြောင်းအရာလေးကို သူရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားထားတာလေးကို ပြန်လည်မျှ ဝေ ဖော်ပြလိုက်ရပါတယ်။