Credit-CeleGabar
Soure – WaiLarRi
သူမအရမ်းချစ်ရတဲ့ ဘရန်ဒီလေးကိုရည်စူးပြီး ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပြသလာတဲ့ ဝေလာရီ
ပရိသတ်ကြီးရေ ဝေလာရီလေး ကတော့ မိမော်ဆိုပြီး နှင်းဆီဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးခံ ခဲ့ရတဲ့ မင်းသမီးလေးပါ။ သူမအနေနဲ့ လတ်တလောမှာ အသက်တမျှချစ်ရတဲ့သူမရဲ့ခွေးလေးဆုံးပါး သွားတာကြောင့် ခံစားနေရတာပဲ ဖြစ်ပါတယ်။
သူမအနေနဲ့သူမရဲ့ခွေးလေးအတွက် ရည်စူးကာ”ဒီနေ့ မီးမီး ဘရန်ဒီလေးကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလေးတွေ ပြုခဲ့ပါတယ် … မီးမီး ဘရန်ဒီလေး ကုသိုလ်တွေ ထပ်တူ ရရှိခံစားနိုင်ပါစေ … 🙏🏻🙏🏻🙏🏻”ဆိုတဲ့စာလေးနဲ့အတူ ဆွမ်းကပ်ကာ တရားနာ ရေစက်ချ ကုသိုလ်လေးတွေပြုလုပ်ခဲ့တာပါ။
“မီးလေးအတွက် မေလတုန်းက အမှတ်တရဆွဲ ခဲ့တဲ့ ပုံလေး …ဒီလိုနေရာမျိုးမှာ သုံးရလိမ့်မယ်လို့ မမ မထင်ခဲ့ဘူးနော် …ချစ် ဘရန်ဒီလေး …
မမပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို မီးလေး ခံစားရရှိပါစေ 💕”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှု အစုစုတို့ရဲ့ပုံရိပ်လေးတွေကိုတင် လာခဲ့တာပါ။ ပရိသတ်တွေလည်း ဝေလာရီရဲ့ခွေးမလေး မီးမီး ဘရန်ဒီလေး ကောင်းတဲ့ ဘုံဘဝရောက်ရှိစေဖို့မေတ္တာပို့ပေးခဲ့ကြပါဦးနော်။
Credit-CeleGabar
Soure – WaiLarRi