ဆရာျဖစ္သူစည္သူ(ပလပ္ကၽြတ္)နဲ႕အတူ ဘန္ေကာက္သြားၿပီး Liveလႊင့္ေစ်းေရာင္းဖို႔အထိ ကမ္းလွမ္းျခင္းခံခဲ့ရကာမွ ပ်က္စီးသြားရတဲ့အေၾကာင္းအရင္းတစ္ခုေၾကာင့္ ငိုေႂကြးေနတဲ့ ဂ်မ္းေတာေလးတို႕ရဲ႕ဗီဒီယို

Posted on

ဆရာျဖစ္သူစည္သူ(ပလပ္ကၽြတ္)နဲ႕အတူ ဘန္ေကာက္သြားၿပီး Liveလႊင့္ေစ်းေရာင္းဖို႔အထိ ကမ္းလွမ္းျခင္းခံခဲ့ရကာမွ ပ်က္စီးသြားရတဲ့အေၾကာင္းအရင္းတစ္ခုေၾကာင့္ ငိုေႂကြးေနတဲ့ ဂ်မ္းေတာေလးတို႕ရဲ႕ဗီဒီယို

ပရိသတ္ႀကီးေရ tiktok မွာ စကားအျမန္ ေျပာရမွာ လူသိမ်ားလာ တဲ့ ဂ်မ္းေတာမေလး က ေတာ့ မၾကာေသးမီကဘဲ မိခင္ျဖစ္သူကို ဆုံးရႈံးခဲ့ ရၿပီး သ႐ုပ္ေဆာင္စည္သူ ပလပ္ကၽြတ္ရဲ့ ကူညီေပးမႈေတြေၾကာင့္သာ အလႉေငြေတြလည္ းရရွိခဲ့ၿပီး ဝမ္းေရးအတြက္အဆင္ေျပလာ ခဲ့တာလည္းျဖစ္ပါတယ္။လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္စည္သူပလပ္ကၽြတ္နဲ႔ အတူ ဂ်မ္းေတာမေလးက live sale ေတြဆက္တိုက္လႊင့္ၿပီး ေအာင္ျမင္ေနတာလည္းျဖစ္ပါတယ္။မိခင္ႀကီးမရွိေတာ့ေပမယ့္လည္း ေလာကႀကီးကိုအရႈံးမေပးဘဲ ဆက္လက္ႀကိဳးစားေနတဲ့ ကေလးမေလးတစ္ေယာက္ျဖစ္ပါတယ္။

ဂ်မ္းေတာတို႔ ေမာင္ႏွမက စုစုေပါင္း ၁၀ ေယာက္ရွိၿပီး ဂ်မ္းေတာရဲ့ အေပၚမွာ ၃ ေယာက္ ေအာက္မွာ ၆ ေယာက္ျဖစ္တယ္ လို႔ သိရပါတယ္။ မိသားစုကို တစ္ေယာက္တည္း အားေလးနဲ႔ တတ္နိုင္သမၽွ ရွာေဖြေကၽြးေမြးေနတဲ့ ဂ်မ္းေတာ တစ္ေယာက္ အခုေနာက္ပိုင္းမွာ ဆရာျဖစ္သူ စည္သူပလပ္ကၽြတ္ရဲ့ အကူအညီ ၊ အြန္လိုင္းေပၚက ေစတနာရွင္ အလႉရွင္ေတြရဲ့ အကူအညီနဲ႔ သရက္ကင္သည္ေဈးသည္ေလး ဘဝကေန အြန္လိုင္းေဈးသည္ေလး ျဖစ္သြားၿပီပဲျဖစ္ပါတယ္။

အြန္လိုင္းေဈးသည္ အျဖစ္ ကေန တျဖည္းျဖည္း နာမည္ရလာခဲ့ ဂ်မ္းေတာ တစ္ေယာက္ အခုဆိုရင္ ဘန္ေကာက္ သြားၿပီး Live လႊင့္ေရာင္းဖို႔ အထိ ကမ္းလွမ္းျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဘန္ေကာက္သြားဖို႔ အလုံးစုံျပင္ဆင္ထားေပမယ့္လည္း ဂ်မ္းေတာနဲ႔ ဘုံဘုံတို႔မွာ မွတ္ပုံတင္မရွိတာေၾကာင့္ ဗီဇာ အခက္အခဲ ျပႆနာျဖစ္ၿပီး ဘန္ေကာက္ကို မလိုက္သြားရေတာ့ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ စည္သူ ပလပ္ကၽြတ္တစ္ေယာက္ပဲ ဘန္ေကာက္ကို သြားရမွာျဖစ္ပါတယ္။ ဆရာျဖစ္သူ စည္သူပလပ္ကၽြတ္က ဂ်မ္းေတာတို႔ကို ထားၿပီး ဘန္ေကာက္ကို သြားေတာ့မွာျဖစ္တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ ဂ်မ္းေတာေလးတို႔ဗီဒီယိုေလးကို ေအာက္မွာဝင္ၾကည့္နိုင္ပါတယ္။စိတ္မေကာင္းျဖစ္ေနတဲ့ မ်က္ႏွာေလးေတြကို အတိုင္းသားေတြ႕ရပါတယ္ေနာ္။ အရြယ္နဲ႔မလိုက္ေအာင္ လူ႔ဘဝအေတြ႕အၾကဳံေတြကို အမ်ားႀကီး ရင္ဆိုင္ခဲ့ရတဲ့ ဂ်မ္းေတာေလးတစ္ေယာက္ ေဈးေတြ အမ်ားႀကီးေရာင္းရပါေစလို႔ ေမၽွာ္လင့္ရင္း အခုအေၾကာင္းအရာေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

Credit ; MMLoad

ဆရာဖြစ်သူစည်သူ(ပလပ်ကျွတ်)နဲ့အတူ ဘန်ကောက်သွားပြီး Liveလွှင့်စျေးရောင်းဖို့အထိ ကမ်းလှမ်းခြင်းခံခဲ့ရကာမှ ပျက်စီးသွားရတဲ့အကြောင်းအရင်းတစ်ခုကြောင့် ငိုကြွေးနေတဲ့ ဂျမ်းတောလေးတို့ရဲ့ဗီဒီယို

ပရိသတ်ကြီးရေ tiktok မှာ စကားအမြန် ပြောရမှာ လူသိများလာ တဲ့ ဂျမ်းတောမလေး က တော့ မကြာသေးမီကဘဲ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ ရပြီး သရုပ်ဆောင်စည်သူ ပလပ်ကျွတ်ရဲ့ ကူညီပေးမှုတွေကြောင့်သာ အလှူငွေတွေလည် းရရှိခဲ့ပြီး ဝမ်းရေးအတွက်အဆင်ပြေလာ ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်စည်သူပလပ်ကျွတ်နဲ့ အတူ ဂျမ်းတောမလေးက live sale တွေဆက်တိုက်လွှင့်ပြီး အောင်မြင်နေတာလည်းဖြစ်ပါတယ်။မိခင်ကြီးမရှိတော့ပေမယ့်လည်း လောကကြီးကိုအရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေတဲ့ ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။

ဂျမ်းတောတို့ မောင်နှမက စုစုပေါင်း ၁၀ ယောက်ရှိပြီး ဂျမ်းတောရဲ့ အပေါ်မှာ ၃ ယောက် အောက်မှာ ၆ ယောက်ဖြစ်တယ် လို့ သိရပါတယ်။ မိသားစုကို တစ်ယောက်တည်း အားလေးနဲ့ တတ်နိုင်သမျှ ရှာဖွေကျွေးမွေးနေတဲ့ ဂျမ်းတော တစ်ယောက် အခုနောက်ပိုင်းမှာ ဆရာဖြစ်သူ စည်သူပလပ်ကျွတ်ရဲ့ အကူအညီ ၊ အွန်လိုင်းပေါ်က စေတနာရှင် အလှူရှင်တွေရဲ့ အကူအညီနဲ့ သရက်ကင်သည်ဈေးသည်လေး ဘဝကနေ အွန်လိုင်းဈေးသည်လေး ဖြစ်သွားပြီပဲဖြစ်ပါတယ်။

အွန်လိုင်းဈေးသည် အဖြစ် ကနေ တဖြည်းဖြည်း နာမည်ရလာခဲ့ ဂျမ်းတော တစ်ယောက် အခုဆိုရင် ဘန်ကောက် သွားပြီး Live လွှင့်ရောင်းဖို့ အထိ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ဘန်ကောက်သွားဖို့ အလုံးစုံပြင်ဆင်ထားပေမယ့်လည်း ဂျမ်းတောနဲ့ ဘုံဘုံတို့မှာ မှတ်ပုံတင်မရှိတာကြောင့် ဗီဇာ အခက်အခဲ ပြဿနာဖြစ်ပြီး ဘန်ကောက်ကို မလိုက်သွားရတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် စည်သူ ပလပ်ကျွတ်တစ်ယောက်ပဲ ဘန်ကောက်ကို သွားရမှာဖြစ်ပါတယ်။ ဆရာဖြစ်သူ စည်သူပလပ်ကျွတ်က ဂျမ်းတောတို့ကို ထားပြီး ဘန်ကောက်ကို သွားတော့မှာဖြစ်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဂျမ်းတောလေးတို့ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်နိုင်ပါတယ်။စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာလေးတွေကို အတိုင်းသားတွေ့ရပါတယ်နော်။ အရွယ်နဲ့မလိုက်အောင် လူ့ဘဝအတွေ့အကြုံတွေကို အများကြီး ရင်ဆိုင်ခဲ့ရတဲ့ ဂျမ်းတောလေးတစ်ယောက် ဈေးတွေ အများကြီးရောင်းရပါစေလို့ မျှော်လင့်ရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Credit ; MMLoad